ဒုတိယအကြိမ် မြောက်ဥက္ကလာပဆေးရုံမှာ ငွေကျပ်သိန်း(၁၂၀)တန်ဖိုးရှိ ICU ကုတင်များ လှူဒါန်းပေးခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

ပြည်သူချစ်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံဟာ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ပြီး မွေးရာပါနှလုံးအပေါက်ပါတဲ့ကလေးတွေကို ကုသပေးနေတာပဲဖြစ်ပါတယ်။ အခုလိုကိုဗစ်ကာလမှာတော့ သူတို့ခေတ်သစ်ဖောင်ဒေးရှင်းဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက်လိုအပ်လျက်ရှိသည်များကို အချိန်နှင့်တပြေးညီကူညီလှုဒါန်းပေးနေတာကိုတွေ့ရပါတယ်။ လက်ရှိမှာလည်းမြောက်ဥက္ကလာပဆေးရုံ Emergency ဌာနတွင် လူနာရောက်လာသည်နှင့်တစ်ပြိုင်နက် Function စုံလင်၍ အဆင်ပြေစွာအသုံးပြုနိုင်သော ICU လူနာကုတင်များမှာလိုအပ်လျက်ရှိတယ်လို့သိရပါတယ်။ ဒါ့ကြောင့်လည်းခေတ်သစ်ဖောင်ဒေးရှင်းကနေ ICU ကုတင်(၄)လုံး(တန်ဖိုးငွေကျပ်သိန်း(၁၂၀)ကျပ်တိတိ)အား ဒုတိယအကြိမ်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းမှ စေတနာရှင်အလှူရှင်များနှင့်စုပေါင်း၍ မြောက်ဥက္ကလာပဆေးရုံမှာ ပထမအကြိမ်တွင်(၂)လုံး၊ ဒုတိယအကြိမ်(၄)လုံးနဲ့ စုစုပေါင်း(၆)လုံးကိုလှူဒါန်းပြီးစီးခဲ့ပြီလို့လည်းသိရပါသေးတယ်။ အဲဒီအလှူကိုတော့…

မြေးအကြီးမလေးရဲ့ ၆ နှစ်ပြည့်မွေးနေ့လေးကို အိမ်မှာပဲပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တဲ့ ဦးခင်လှိုင်တို့ မိသားစုရဲ့ ကြည်နူးစရာ ဗီဒီယိုလေး

ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်းဒရမ်မာမျိုးစုံကို ပိုင်နိုင်စွာလုပ်ဆောင်နိုင်တဲ့ ဦးခင်လှိုင်ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်‌နော်။ သူဟာအနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင်အောင် ရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ ဦးခင်လှိုင်ဟာ ရုပ်ရှင်ကားကြီးများကိုလည်းအဆက်မပြတ်ရိုက်ကူးနေသူဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးကာ ပျော်ရွှင်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်သူ့ရဲ့ သားနဲ့သမီးဖြစ်တဲ့ နေရဲနဲ့သဇင်ထူးမြင့်ဟာဆိုရင်လည်း အနုပညာလုပ်ငန်းတွေကိုစတင်လုပ်ဆောင်ကာ နာမည်ရလာတဲ့တက်သစ်စအနုပညာရှင်လေးတွေပါနော်။ ဦးခင်လှိုင်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေတာဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့မှော်ဘီခြံကြီးထဲမှာလည်း တစ်ခါတစ်ရံ မိသားစုလိုက် စားသောက်ကာအပန်းဖြေလျက်ရှိတာလည်းဖြစ်ပါတယ်။အခုလည်းမြေးအကြီးလေးရဲ့ ၆ နှစ်ပြည့်မွေးနေ့လေးကို အိမ်မှာပဲ မိသားစုစုံစုံလင်လင်ကျင်းပနေတဲ့…

ချစ်မေမေနဲ့အတူ မျက်နှာတွေမျိုးစုံပြောင်ကာ အခွီတွေလုပ်ပြနေတဲ့ သမီးလေး ခေတ်နဲ့ သစ်

အနုပညာလောကမှာအောင်မြင်မှုများစွာ ဆွတ်ခူးနေတဲ့ ချစ်သုဝေကတော့ တကယ့်ကို ပြီးပြည့်စုံတဲ့ အရည်အချင်းများစွာရှိတဲ့ အမျိုးသမီးတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဆရာဝန်တစ်ဦးဖြစ်ပေမယ့်လည်း ချစ်သုဝေက သူမချစ်တဲ့အနုပညာအလုပ်တွေကို ပိုမိုဦးစားပေးလုပ်ကိုင်ခဲ့သူဖြစ်ပြီး အခုဆိုရင် ချစ်သုဝေက သမီးအမြွှာလေးနှစ်ယောက် ပိုင်ဆိုင်ထားကာ ပရိသတ်တွေ အားကျချစ်ခင်နေကြတာအမှန်ပါပဲနော်။ ချစ်စရာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကို မွေးဖွားထားပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မိသားစုတစ်စုဆိုလည်း မမှားပါဘူး ။ဒါ့အပြင် ခေတ်နဲ့ သစ်လေးတို့ဟာ အရမ်းတတ်ပြီး ချစ်စရာကောင်းလွန်းတဲ့…

ခင်ပွန်းစိတ်ရှည်တုန်းလေး အမိအရရိုက်ကူးထားတဲ့ အမိုက်စားပုံလေးတွေမျှဝေပေးလိုက်တဲ့ ချောရတနာ

သရုပ်ဆောင်ချောရတနာကတော့ ပရိသတ်ကြီးနဲ့ရင်နှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့ ၂၀၁၂ခုနှစ်ကခင်ပွန်းဖြစ်သူနဲ့အတူလက်ထပ်ခဲ့ပြီး အခုဆိုရင်အိမ်ထောင်သက်တမ်း၈နှစ်ကျော်နေခဲ့ပြီပဲဖြစ်ပါတယ်။ သားချောလေးတစ်ယောက်နဲ့ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုအေးအေးချမ်းချမ်းလေးတည်ဆောက်နေတာပဲဖြစ်ပါတယ်။ ချောရတနာကတော့ယခုအချိန်ထိ တစ်သားမွေးတစ်သွေးလှဆိုသလို အပျိုလေးတစ်ယောက်လိုပဲနုပျိုပြီးလှပနေဆဲပါ။ သူမဟာအနုပညာအလုပ်တွေကိုအရင်ကလောက်မလုပ်တော့ပေမယ့် ကြော်ငြာလေးတွေကိုသာရိုက်ကူးပြီး ပရိသတ်တွေရဲ့အချစ်ကိုဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေနဲ့မိသားစုပုံရိပ်လေးတွေကိုလည်းရိုက်ကူးပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအမြဲမျှဝေပေးနေတာကိုတွေ့ရပါတယ်။ ဒီနေ့မှာလည်းဓာတ်ပုံမရိုက်ချင်တဲ့ခင်ပွန်းဖြစ်သူစိတ်ရှည်တုန်းလေးအမိုက်စားဓာတ်ပုံလေးတွေကိုအတူတူရိုက်ကူးခဲ့ပါတယ်။ အဲဒီပုံရိပ်လေးတွေကိုတော့ “သူစိတ်ရှည်တုန်းလေး”ဆိုပြီးရေးသားကာ မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ ချောရတနာတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။ Source:Chaw Yadanar

လွန်းခဲ့တဲ့ ၂၀၁၆ တုန်းက အရမ်းဝခဲ့တဲ့ပုံလေးတွေနဲ့ လက်ရှိ ပိန်ပြီး ကျစ်လစ်အောင်လေ့ကျင့်ခန်းတွေလုပ်ထားတဲ့ပုံနဲ့ယှဉ်ပြီး ထုတ်ပြလိုက်တဲ့ ရွှေပိုးအိမ်

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လတ်တလောမှာဆိုရင် သီချင်းတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ရွှေပိုးအိမ်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်းရှိလို့ သူမကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိနေတာပဲဖြစ်ပါတယ်နော်။ ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း ပရိသတ်တွေက အားပေးကြည့်ရှုကြပြီး သူမရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်တွေကြောင့် ပရိသတ်ကြီးက ဇာတ်ကားထဲ စီးမျောပါသွားရပါတယ်နော်။ရွှေပိုးအိမ်က ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ချစ်စရာကောင်းတဲ့ ပုံလေးကြောင့် လူချစ်လူခင် ပေါများကာပရိသတ်တွေ ချစ်ခင်ကြတာလည်းဖြစ်ပါတယ်။ သူရဲ့…

Shwe FM ကပေးအပ်တဲ့ ဆုကြေးငွေနဲ့ အနုပညာကြေးတွေကို အမေများအဖွဲ့အတွက် လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

အဆိုတော်မေလသံစဉ်ကတော့ မြန်မာသံစဉ်လေးတွေကိုသီဆိုပြီး ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမဟာအသက်ငယ်ပေမယ့် ရိုးသားကြိုးစားပြီး ကိုယ်ပိုင်သီချင်းလေးတွေကိုဖန်တီးနေတာပဲဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတော်တော်များများကိုလည်း ကိုယ်တိုင်ခံစားချက်နဲ့ရေးသားသီဆိုလေ့ရှိသလို တခြားအနုပညာရှင်ညီအစ်ကိုမောင်နှမတွေအတွက်လည်း သီချင်းလေးတွေကိုရေးစပ်လေ့ရှိပါတယ်။ ဒီဇင်ဘာလ(၁၂)ရက်နေ့ Shwe fmရဲ့(၁၁)နှစ်ပြည့်ဂီတဆုပေးပွဲကြီးမှာတော့ မေလသံစဉ်ဟာ(ကျောင်းပိတ်ရက် MTV သီချင်းလေးနဲ့ဆုရရှိခဲ့ပါတယ်။ သူမကတော့အဲဒီဂီတဆုပေးပွဲကြီးကရတဲ့ဆုကြေးငွေနဲ့ အနုပညာကြေးရရှိတဲ့ငွေများကိုစုပေါင်းပြီး သန်လျင်မြို့နယ်ရှိအမေများ အိမ်ရာ၊အမေများအဖွဲ့အား အလှူငွေ(၁၀)သိန်းကျပ် (ငွေပဒေသာပင်)ပေးအပ်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်အမေများအဖွဲ့အား ဆန်၊ ဆီနှင့် Nice Food မုန့်စုံပုံးများကို လှူဒါန်းပေးခဲ့ပါသေးတယ်။…

မွေးနေ့အလှူအဖြစ် နှစ်ဦးဓမ္မသဘင် တရားပွဲဖြစ်မြောက်ရေးအတွက် အလှူငွေ (၁၀)သိန်းလှူဒါန်းပေးခဲ့တဲ့ ဒေါ်ဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ ဒေါ်ဝါဝါဝင်းရွှေကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ဝါရင့်အကယ်ဒမီဆုရ မင်းသမီးကြီးပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိကို ဒါရိုက်တာ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲပါ။ ဒေါ်ဝါဝါဝင်းရွှေကတော့ အလှူအတန်းတွေကိုလည်း အခါအခွင့်သင့်ရင်သင့်သလို ပြုလုပ်နေခဲ့ပြီး လာမယ့် ဒီဇင်ဘာလ (၃၀)ရက်နေ့မှာကျရောက်မယ့် သူ့ရဲ့မွေးနေ့အတွက်ကိုလည်း မွေးနေ့အထိမ်းအမှတ် အလှူအနေနဲ့ တရားဓမ္မအလှူတစ်ခုမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးလိုက်ပြန်ပါတယ်။ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ နှစ်ဦးဓမ္မသဘင်ပွဲကြီးကို ကိုဗစ်ကပ်ရောဂါကျရောက်နေတဲ့ ဒီနှစ်မှာလည်း Online စနစ်နဲ့…

ခရစ္စမတ် အပြင်အဆင်လေးတွေအပြည့်နဲ့ ဆွဲဆောင်မှုရှိရှိ အမိုက်စားပို့စ်လေးပေးကာ လှရက်လွန်းနေတဲ့ ယုသန္တာတင်

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အဖြစ် ပရိသတ်အခိုင်အမာရရှိလာတဲ့ မင်းသမီးချော ယုသန္တာတင် ကတော့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပါ ။ သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက် တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။ သူမကတော့ ခရီးတွေထွက်ရတာ ဝါသနာပါသူလေးဖြစ်ရာ ခရီးစဉ်တစ်လျှောက် အမှတ်တရ ပုံရိပ်တွေကိုလည်း အမြဲဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။အခုလည်း ခရစ္စမတ် အပြင်အဆင်လေးတွေအပြည့်နဲ့ အမိုက်စားပို့စ်လေးတွေပေးကာလန်းလွန်းနေတဲ့ ပုံလေးတွေ…

သားလေးမြတ်သူအနဲ့အတူ ဟိုတယ်မှာအပန်းဖြေခဲ့ကြတဲ့ မြင့်မြတ်တို့မိသားစုရဲ့ ကြည်နူးစရာ ဗီဒီယိုလေး

ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အကြာကြီး အခိုင်အမာ သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသား မြင့်မြတ်ပဲ ဖြစ်ပါတယ်။ အနုပညာလောကတွင်သာမကဘဲ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ဖန်တီးတည်ဆောက်ထားနိုင်တာလည်း ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကားတိုင်းကိုလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေလက်ခံအားပေးတဲ့ မင်းသားတစ်လက် ဖြစ်လာတာပါ။ အခုဆိုရင် မြင့်မြတ်ရဲ့ချစ်ဇနီးက နောက်ထပ်ကိုယ်ဝန်ကိုလည်း လွယ်ထားရတာဖြစ်ပြီး မကြာခင်မှာ မိသားစုဝင်အသစ်ထပ်တိုးတော့မှာဖြစ်ပါတယ်နော်။မြင့်မြတ်ကတော့ သားလေးမြတ်သူကိုလည်း အရမ်းချစ်ပြီး လိုလေသေးမရှိအောင်ဂရုစိုက်ပေးတာပါ။ပရိသတ်တွေကလည်း…

ညီမလေးကို ချစ်လွန်းလို့ လက်ကမချနိုင်လောက်အောင် တစိမ့်စိမ့်ကြည့်ကာ ကြည်နူးနေတဲ့ အိအိတုန်ရဲ့သမီးကြီး

ပြီးခဲ့တဲ့ရက်ပိုင်းက ဒုတိယသမီးလေးကိုမွေးဖွားပြီးနောက် မေမေအိတုန်ရဲ့ပျော်စရာနေ့ရက်တွေဟာ အရင်ကထက်ပိုပြီးများလာခဲ့ပါ တယ်။ ဒုတိယရင်သွေးလေးကို မမွေးဖွားခင်မှာပဲ ပိုင်ဆိုင်ချင်တဲ့ ကိုယ်ပိုင်အိမ်နဲ့ ကိုယ်ပိုင်ခြံဝန်းလေးကိုလည်း ဇနီးမောင်နှံနှစ်ယောက် ရဲ့ ကြိုးစားမှုရလာဒ်တွေနဲ့ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် အေးချမ်းတဲ့မိသားစုရိပ်မြုံလေးမှာ သာယာပျော်ရွှင်နေခဲ့ပါပြီ။ ချစ်စရာကောင်းတဲ့သမီးကြီးလေးအပြင် အရမ်းကိုအသည်းယားစရာကောင်းတဲ့သမီးငယ်လေး ကြောင့် ဖေဖေ မေမေတို့ရဲ့အပြုံးပန်း တွေက ပွင့်လန်းနေခဲ့ပါတယ်။ အလုပ်တွေကြိုးစားပြီး သမီးလေးနှစ်ယောက်ရဲ့အနာဂတ်ကိုအကောင်းမွန်ဆုံး ပုံဖော်ထုဆစ်နေကြတဲ့ မိဘကောင်းတွေ ဖြစ်တာမို့ ပရိသတ်တွေကလည်း ယနေ့ထက်တိုင်ချစ်ခင်အားပေးနေကြဆဲပါ။…

မေမေ့လိုပဲ ဓာတ်ပုံလှလှလေးရိုက်ရတာကိုဝါသနာပါတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ရဲ့သားလေးဖိုးဓီ

အနုပညာလောကရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကိုတော့ ပရိသတ်ကြီးလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမဟာ(၂၀၁၁)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှာ ခင်ပွန်းဖြစ်သူပြေတီဦးနဲ့လက်ထပ်ခဲ့ပြီး အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို နားလည်မှုအပြည့်နဲ့တည်ဆောက်ထားခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနုပညာလောကမှာလိုက်ဖက်ညီလွန်းတဲ့စုံတွဲလေးလို့ဆိုလည်းမှားမယ်မထင်ပါဘူး။ သူတို့နှစ်ယောက်ဟာ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်ရိုက်ကူးခဲ့ကြပြီးမြန်မာရုပ်ရှင်အကယ်ဒမီဆုတွေကို ကိုယ်စီပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီရင်းလက်တွဲလာခဲ့တာ အခုဆိုရင်အိမ်ထောင်သက်တမ်း(၉)နှစ်ကျော်လာခဲ့ပါပြီ။ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သားလေးဖိုးဓီကတော့ မေမေအိန္ဒြာကျော်ဇင်လိုပဲ ဓာတ်ပုံရိုက်ရတာကိုဝါသနာပါပြီး လက်ရှိမှာလည်းမေမေအတူ အမှတ်တရပုံရိပ်လေးကိုရိုက်ကူးခဲ့ပါတယ်။ အဲဒီအမှတ်တရပုံရိပ်လေးကိုတော့ မေမေအိန္ဒြာကျော်ဇင်က”ဓာတ်ပုံရိုက်ပြီဆို မောင်ဖိုးဓီကလဲဝင်ရှုပ်”ဆိုပြီးရေးသားကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။ Source:Eaindra Kyaw…

လမ်းဘေးခွေးလေးတွေကို တစ်ရက်မှမပျက်ပဲသွားရောက် အစာကျွေးအလှူလေးပြုလုပ်ခဲ့တဲ့ စိုးပြည့်သဇင်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်စိုးပြည့်သဇင်ကိုတော့ ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူမကတော့ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ကျရာဇာတ်ရုပ်ကိုဟာကွက်မရှိအောင်သရုပ်ဆောင်နိုင်ပြီး မြန်မာရုပ်ရှင်အကယ်မီဆု(၁)ဆုကိုလည်း ထိုက်ထိုက်တန်တန်နဲ့ပိုင်ဆိုင်ရရှိထားခဲ့ပါတယ်။ ဒါ့အပြင်ဂီတလောကမှာလည်း တေးစီးရီးအယ်ဘမ်များစွာကိုထွက်ရှိထားသူတစ်ယောက်ပါ။ အခုနောက်ပိုင်းမှာတော့စိုးပြည့်သဇင်က အစ်မတွေဖြစ်တဲ့စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာ၊စန္ဒီမြင့်လွင်တို့နဲ့အတူ မင်းသမီးပိုးထည်တိုက်ကိုဖွင့်လှစ်ထားခဲ့ပါတယ်။ လတ်တလောမှာတော့သူမက ကိုဗစ်ရောဂါတွေကြောင့်ရိုက်ကူးရေးတွေကိုရပ်နားပြီး အိမ်မှာပဲအနားယူနေထိုင်လျက်ရှိပါတယ်။ ဒီနေ့မှာတော့စိုးပြည့်သဇင်ကသူတို့မိသားစုလေးရဲ့နေ့စဉ်အလှူအနေနဲ့ လမ်းဘေးခွေးလေးတွေကိုအစာကျွေးခဲ့တဲ့အကြောင်း ပုံရိပ်လေးတွေနဲ့အတူမျှဝေပေးထားခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့ စိုးပြည့်သဇင်က”စိုးပြည့်တို့မိသားစုရဲ့တစ်ရက်မပျက်တဲ့နေ့စဉ်အလှုူလေးပါ….သူတို့လေးတွေအားရပါးရစားနေတာလေးကိုမြင်တွေ့သူတိုင်းစိတ်ကြည်နူးစေရန်ရည်ရွယ်၍တင်လိုက်ပါတယ်ရှင်…သာဓုခေါ်ဆိုပါစေသော်”ဆိုပြီးရေးသားကာ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။ Source:Soe Pyae Thazin