ဂေဟာက ကလေးတွေနဲ့အတူ လျှောက်လည်ရင်း ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးဖြစ်ခဲ့တဲ့ ဗီဒီယိုလေး ဝေမျှလာတဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလို့လည်းဆိုရမှာပါ ။ အားလပ်ချိန်တွေမှာလည်း ကလေးတွေကို အချိန်ပေးကာ အနားနေပေးရင်း မေတ္တာ အပြည့်အဝပေးတတ်ပါသေးတယ် ။ ဒါ့အပြင် ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကအစ အစစအရာရာ သူကိုယ်တိုင် တာဝန်ယူလိုက်လုပ်ပေးတာလည်း လေးစားစရာပါ ။ ကလေးတွေရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်းတွေ့ရပါတယ်…