Month: August 2022

အလန်းစားဖက်ရှင်လေးနဲ့ အထာကျကျပို့စ်တွေပေးကာ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ သံစဉ်မောင်

ပရိသတ်ကြီးရေ သံစဉ်မောင်ကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်ဘေဘီမောင်ရဲ့ ညီမချောလေးပဲဖြစ်ပါတယ်။ သံစဉ်မောင်ကလည်း လက်ရှိမှာ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး အောင်မြင်မှုတွေထိုက်သင့်သလောက်ရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ သံစဉ်မောင်ကတော့ Photo Model တစ်ယောက်အနေနဲ့ လတ်တလောမှာ ရိုက်ကူးမှုတွေများစွာပြုလုပ်နေခဲ့ပြီး ဒီနေ့မှာလည်း အမိုက်စားရိုက်ကူးထားတဲ့ ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ သံစဉ်မောင်ကတော့ အမိုက်စားခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ထားပြီး ဒီနေ့မှာ မျှဝေခဲ့တဲ့ ပုံလေးတွေကတော့…

ထရက်ရှာလေးရဲ့ အရမ်းတတ်လွန်းတဲ့ ဟန်ပန် အမူအရာလေးတွေကို သဘောတွေကျကာ ဗီဒီယိုလေး ဝေမျှလာတဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်ကတော့ မိသားစုဘဝလေးကို တည်ထောင်ထားပြီး အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနေတာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ကြားထဲကနေ သမီးလေး ကိုလည်း သေချာ ဂရုစိုက်စောင့်ရှောက်ပေးတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း တစ်ဦးတည်းသောသမီးလေးကို အချစ်တွေပုံပေးထားကြတာဖြစ်ပြီး ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းတဲ့ သမီးလေးက စန္ဒီမြင့်လွင်နဲ့တစ်ထေရာတည်းတူတာကြောင့် သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးက တုန်အောင်ချစ်နေရတာပါ ။ အခုလည်း ထရက်ရှာလေးရဲ့ အရမ်းတတ်လွန်းတဲ့ ဟန်ပန် အမူအရာလေးတွေကို သဘောတွေကျကာ ဗီဒီယိုလေးနဲ့ အတူ ” ထရက်ရှာ့ပါးပါးက…

သားလေးရဲ့ ပထမဆုံးကျောင်းတတ်ရက်ပုံလေးတွေကို မျှဝေခဲ့တဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ သဲကိုးလေးလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ သွင်ဦးဟန်လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်မြန်မာလက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် မင်းသမီးချောလေး ပိုးအိအိခန့်တို့ရဲ့ သားချောလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလှတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ကလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။သဲကိုးလေးကတော့ ဒီနေ့မှာ ပထမဆုံးကျောင်းတက်ခဲ့ပြီး သားလေးရဲ့ပထမဆုံးကျောင်းတက်ရက်ပုံလေးတွေကို “Today is the first day of school. Outdoor activities တွေပြီးတော့ ငိုပါတယ်ရှင်…

ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးရင်း ဖြတ်သန်းဖြစ်ခဲ့ပုံတွေ ဝေမျှလာတဲ့ သဉ္ဇာနွယ်ဝင်း

မိသားစုနဲ့အတူ ကြည်ကြည်နူးနူးပျော်ပျော်ရွှင်ရွှင်နေထိုင်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမရဲ့ စကားသံဝဲဝဲလေးကြောင့် ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေးအဖြစ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အရင်ကလောက် အနုပညာလှုပ်ရှားမှုတွေ မလုပ်တော့ပေမယ့်လည်း ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေကြဆဲပါပဲနော်။ သူမက သားငယ်လေးနဲ့ သမီးလေးရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေဆီ အမြဲဝေမျှပေးလေ့ရှိတာတွေ့ရပါတယ်။သားနဲ့သမီးလေးရဲ့ အသည်းယားစဖွယ်အမူအရာတွေနဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေက တစ်မျိုးစီ ကြွေနေရတာလည်းဖြစ်ပါတယ်။သူမက…

မွန်မြတ်လှတဲ့ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ စူးရှထက်

ပရိသတ်ကြီးရေ စူးရှထက်ကတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ စူးရှထက်ကတော့ လူငယ်တစ်ယောက်ပီပီ ခေတ်ဆန်ဆန်နေထိုင်တတ်ပေမဲ့ ဘုရားတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေကို ရက်ရောစွာလည်းပြုလုပ်တတ်တဲ့သူတစ်ယောက်ပါ။ မကြာခဏဆိုသလို စတာဒီသာအလှူတွေ လိုအပ်နေတဲ့သူတွေကို ကူညီထောက်ပံ့တာတွေပြုလုပ်လေ့ရှိပါသေးတယ်။ အလှူအတန်းဆို လက်မနှေးတတ်တဲ့ စူးရှထက်ကတော့ ဒီနေ့ သြဂုတ်လ (၅)ရက်နေ့မှာလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွန်မြတ်လှတဲ့ ဆွမ်းကပ်အလှူဒါနလေးကို ပြုလုပ်ခဲ့ကြောင်း အလှူမှတ်တမ်းပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။…

အဘွားဖြစ်သူမင်းသမီးကြီးခင်လေးဆွေရဲ့​အသက်၉၀ပြည့်မွေးနေ့အမှတ်တရပုံရိပ်တွေကိုတင်လာခဲ့တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ အနုပညာမျိုးရိုးရှိတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ အိမ်ထောင်ကျပြီးတဲ့နောက်နိုင်ငံခြားမှာအခြချကာ အနုပညာအလုပ်တွေရပ်နားခဲ့ပေမယ့် အခုချိန်မှာတော့ မြန်မာပြည်နဲ့ပြည်ပကို အသွားအလာလုပ်ကာနေထိုင်လျက်ရှိတာပါ။ အလှူအတန်းအမြဲရက်ရောတတ်တဲ့ စမိုင်းလ်ကတော့ ဘာသာရေးမှာလည်း အထူးအလေးထားကာ ပြုလုပ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး Covid ကာလတုန်းကလည်း တနေ့တမျိုးမရိုးရအောင် လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေသူလေးပါ။ ချစ်စရာကောင်းတဲ့သမီးနှစ်ယောက်နဲ့ ခုချိန်ထိသည်းသည်းလှုပ်ချစ်ခင်ပေးတဲ့ အမျိုးသားခင်ပွန်းကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင် အနုပညာရှင်မင်းသိီးကြီးခင်လေးဆွေဟာဆိုလည်းသူမရဲ့အဘွားဖြစ်ပြီး”ယနေ့ကျရောက်တဲ့ဖွားဖွားကြီးရဲ့ အသက်၉၀ပြည့်မွေးနေ့မှစ သက်ရှည်ကျန်းမာပြီး မြေးမြစ်တွေနဲ့အကြာကြီးနေနိုင်ပါစေ။ ကုသိုလ်ကောင်းတဲ့အဖွားခုထိချောတုန်း🥰”ဆိုကာမနေ့ကကျရောက်တဲ့ခင်လေးဆွေရဲ့မွေးနေ့ရက်မြတ်မှာ ဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေကိုတင်ပေးလာခဲ့တာပါ။ ဒါ့အပြင်မွေးနေ့ကိတ်တွေနဲ့ပျော်ရွှင်အောင်ဖန်တီးပေးထားတဲ့…

ထိုင်းမင်းသမီးBaifernရဲ့အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်တဲ့ချစ်သူ့တိုင်းပြည်သို့ ဇာတ်လမ်းတွဲလေးမှာ မြန်မာနောက်ခံအသံသရုပ်ဆောင်အနေနဲ့ ပါဝင်ထားတဲ့ သံသာညီ

ပရိသတ်ကြီးရေ သံသာညီကတော့ နွေလယ်ညရဲ့ လမင်းဇာတ်လမ်းတွဲမှာ ဖူးဝေ ဆိုတဲ့ ရိုးရိုးအေးအေးဇာတ်ကောင်လေးကိုခြူးလေးနဲ့ အတူ တွဲဖက်ကာ ပရိသတ်တွေအကြိုက်တေ​ွ့အောင်ထိထိမိမိပုံဖော်ခဲ့ပြီးနောက်မှာ သရဖူဇာတ်လမ်းတွဲမှာလည်း ဆန့်ကျင်ဘက် ကာရိုက်တာပုံစံဖြစ်တဲ့ရိုစီဇာတ်ကောင်နဲ့အတူ ခြူးလေးနဲ့ပဲ ထပ်မံ တွဲဖက်သရုပ်ဆောင်ခဲ့ပြန်တာပါ။ လတ်တလောမှာတော့Live Saleလေးတွေပြုလုပ်လျက်ရှိပြီး သူမရဲ့အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ထိုင်းမင်းသမီးလေးBaifernရဲ့အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲဖစ်တဲ့”Sinaeha Saree”(ချစ်သူ့တိုင်းပြည်သို့) ဇာတ်လမ်းတွဲလေးမှာ မြန်မာနောက်ခံအသံသရုပ်ဆောင်အနေနဲ့ ပါဝင်ကာ မြန်မာရုပ်သံလိုင်း(Channel7)ကနေပြသတော့မှာပဲဖြစ်ပါတယ်။ “8ရက်နေ့ channel7 ရုပ်သံလိုင်းမှာ အားပေးနိုင်ပါပြီ❤️”ဆိုတဲ့စာလေးကိုလည်း သူမရဲ့Pageမှာဖော်ပြလာခဲ့တာပါ။CeleGabarပရိသတ်တွေလည်းသံသာလေးရဲ့…

ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတဲ့တပည့်မလေးခိုင်ခိုင်ရဲ့၁နှစ်ပြည့်ကိုရည်စူးပြီး အလှူလေးပြုလုပ်ခဲ့တဲ့ အားတီ

ပရိသတ်ကြီးရေ အားတီကတော့ ပရိသတ်တွေရင်ထဲကို ထိရှစေတဲ့ စာသားတွေနဲ့ သီချင်းတွေကို အမြဲသီဆိုလေ့ရှိတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတွေကို ပရိသတ်တွေသာမက အနုပညာရှင်တွေပါ သဘောကျနှစ်သက်ခြင်းခံရတဲ့ ​ေတး​ေရးတေးဆိုတစ်ယောက်လည်းဖြစ်ပါတယ်။ အခုချိန်မှာတော့အနုပညာအလုပ်တွေကိုရပ်နားကာ ထိုင်းနိုင်ငံမှာပဲနေထိုင်လျက်ရှိတာပါ။ သူ့အနေနဲ့ ဒီနေ့မှာတော့”ခိုင်ခိုင့် ၁နှစ်ပြည့်အလှူ​လေးပါ .. သူကြိုက်တဲ့ ရခိုင်ဟင်း​တွေလဲမပါမဖြစ်​ပေါ့ .. ​ရောက်ရာအရပ်က သာဓု​ခေါ်ပါ ​ကောင်မ​လေး​ရေ .. 🙏🙏🙏”ဆိုတဲ့စာလေးနဲ့သူ့ရဲ့တပည့်မ​ေလးခိုင်ခိုင်အတွက် ကောင်းမှုကုသိုလ်တွေပြုပေးခဲ့တာပါ။ မနှစ်ကဒီလိုအချိန်မှာ…

သူမ ပြုလုပ်ဖြစ်ခဲ့တဲ့ ကောင်းမှုကုသိုလ် အလှူပုံရိပ်လေးတွေကို ပီတိဖြစ်စွာ ဝေမျှလာတဲ့ စူးရှထက်

စူးရှထက်ကတော့ အနုပညာလမ်းကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါ။ ပွင့်လင်းစွာပြောဆိုတဲ့ သူမရဲ့ အပြောလေးတွေကြောင့် လူချစ်လူခင်ပေါများပြီး အနုပညာလှုပ်ရှားမှုများစွာကို လုပ်ကိုင်ရတာလည်းဖြစ်ပါတယ်။  ခုလို ကာလတွေမှာလည်း  လိုအပ်တဲ့ နေရာတွေမှာလည်း တတ်နိုင်သလောက် အစွမ်းကုန် လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ် ။ သူမကိုယ်တိုင် ခြိုးခြံ ချွေတာပြီး ရှိသမျှအကုန် လိုက်လံ လှူဒါန်းပေးနေတာ လေးစားစရာပါပဲ ။ လတ်တလောမှာလည်း သံဃာတော်များကို…

အဖွားဖြစ်သူ ကွယ်လွန်ခြင်း(၁)နှစ်ပြည့်အနေနဲ့ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ ထိပ်ထားသခင်တို့မိသားစု

ပရိသတ်ကြီးရေ ထိပ်ထားသခင်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ကလေးသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ထိပ်ထားသခင်ကတော့ ကလေးငယ်တစ်ယောက်ဖြစ်ပေမဲ့ လူကြီးတွေအပေါ်လည်းရိုသေသမှုရှိလှတာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ ကလေးငယ်တစ်ယောက်လည်းဖြစ်ပါတယ်။ ထိပ်ထားသခင်ကတော့ အလှူအတန်းတွေကိုလည်း ရက်ရောစွာလှူဒါန်းလေ့ရှိပြီး ဒီနေ့မှာလည်း မွန်မြတ်လှတဲ့ အလှူဒါနလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ကွယ်လွန်သွာတာ (၁)နှစ်ပြည့်မြောက်သွားတဲ့ အဖွားဖြစ်သူအတွက် ရည်စူးပြီး ထိပ်ထားသခင်တို့ မိသားစုကတော့ ရွှေတောင်ဦး ဇေယျသိဒ္ဓိပရဟိတကျောင်းမှာ အလှူလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ကျောင်းမှာရှိတဲ့ သံဃာတော်တွေအတွက်…

နေမကောင်းဖြစ်လို့ ဆေးကုသမမှုခံယူနေရကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့တဲ့ ဘင်ဂျမင်ဆုမ်း

ပရိသတ်ကြီးရေ ဘင်ဂျမင်ဆုမ်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာအိုင်ဒေါမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့သူတစ်ယောက်အဖြစ်ကနေ လက်ရှိမှာ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိနေခဲ့ပါသေးတယ်။ ဘင်ဂျမင်ဆုမ်းကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ နေမကောင်းဖြစ်နေတာကြောင့် ဆေးကုသမှုခံယူနေရကြောင်း “Hey summers! I’m really sad to announce that I’ll be…

သူမကို စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပြလာတဲ့ ဘေဘီမောင်

ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ပဲ ဖြစ်ပါတယ်။မော်ဒယ်လောကတွင်လည်း နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ရာမှာလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးမှာလည်း ကြည်နူးစရာကောင်းလွန်းတဲ့ သူတို့ အတွဲလေးကို ပရိသတ်တွေက အားကျနေကြတာပါ ။ အခုဆိုရင် ဘေဘီမောင်က ရင်သွေးလေးကိုလည်း လွယ်ထားရပြီဖြစ်လို့ မကြာခင်မှာ လူ့လောကထဲ ရောက်လာမယ့်…