Month: September 2021

ယနေ့မှာ ကျရောက်တဲ့ ချောရတနာရဲ့ မွေးနေ့လေးမှာ ဟိုအရင်တစ်ချိန်က အမှတ်တရ ပုံရိပ်တွေနဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ညီညီမောင်

ချောရတနာကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပေးနေတာကြောင့်လည်း ပရိသတ်တွေက ပိုပြီးတော့တောင် လေးစားအားကျနေကြတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ပြန်လည်တည်ငြိမ်ပြီး မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသွားစေအောင်လည်း ဘုရားရှိခိုးတိုင်း ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၂၉) ရက်နေ့ကတော့ သူမရဲ့ မွေးနေ့လေး ဖြစ်ရာ ချစ်ရတဲ့…

သမီးလေးကို ကချင်ရိုးရာ ဝတ်စုံလေးဝတ်ပေးကာ တစ်နိုင်ငံလုံးက တိုင်းရင်းသားတွေနဲ့ တစ်သားတည်းရှိနေကြောင်း အားပေးစကားလေးပြောလာတဲ့ စန္ဒီမြင့်လွင်

အနုပညာလောကမှာ အောင်မြင်မှုတွေများစွာအပြင် ချစ်စရာသမီးလေးနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူကတော့ အဆိုတော်စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ Treasure လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို လည်လွန်းတတ်လွန်းပြီး နှုတ်ခမ်းစူစူလေးနဲ့ အသည်းယားလောက်အောင် အမြဲချစ်စရာကောင်းနေသူလေးပါ။ ပရိသတ်တွေ မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ထရက်ရှာလေးကတော့ တစ်နေ့ထက်တစ်နေ့ အရမ်းတက်လာပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲဖြစ်ပါတယ် ။ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ သူမကိုတော့…

ပုပ္ပါးတောင်ကလပ်ကိုရောက်တုန်း မျောက်လေးတွေကို အာဟာရဒါနပြုခဲ့တဲ့ နေဒွေး

ပရိသတ်တွေရဲ့အချစ်တော် မင်းသားချော နေဒွေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရိုက်ကူးရေးတွေနဲ့ အညာဒေသဘက်ကို ရောက်ရှိနေခဲ့ပါတယ်။ နေဒွေးကတော့ ရိုက်ကူးရေးတွေပြီးတဲ့နောက် ဒီနေ့ စက်တင်ဘာလ (၂၈)ရက်နေ့မှာတော့ ပုပ္ပါးတောင်ကလပ်ကို သွားရောက်ခဲ့ပါတယ်။ နေဒွေးက ပုပ္ပါးတောင်ကလပ်ကို ရောက်ရှိနေစဉ်မှာ ပုပ္ပါးကမျောက်လေးတွေအတွက် အာဟာရဒါနအလှူလေးပြုလုပ်ခဲ့ပါတယ်။ ခရီးသွားရှားပါတာကြောင့် မျောက်လေးတွေအစာရေစာရှားပါးတဲ့အတွက် နေဒွေးကရောက်တုန်းရောက်ခိုက် မြေပဲတွေကို ကျွေးမွေးလှူဒါန်းခဲ့တာပါ။ အစာတွေကို အားရပါးရစားနေတဲ့ မျောက်လေးတွေကြောင့် အလှူလေးကို ပီတိဖြစ်နေခဲ့ပြီး…

ချစ်ဖေဖေကို တယုတယနဲ့ အနမ်းတွေပေးကာ အချစ်တွေ ပိုနေတဲ့ ထရက်ရှာလေးရဲ့ ဗီဒီယိုဖိုင်

အဆိုတော်စန္ဒီမြင့်လွင်ကတော့ ချစ်စရာသမီးလေးကိုမွေးဖွားထားကာ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သီချင်းအမျိုးစားများစွာနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ သီချင်းအသစ်လေးတွေကို အမြဲကြိုးစား ဖန်တီးနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီးချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကာ Treasure လေးကလည်း တစ်နေ့တစ်ခြားမေမေနဲ့ ပိုပိုတူလာပြီး ၀၀ကစ်ကစ်လေးနဲ့အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ် ။ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ ဖေဖေမေမေရဲ့ အသည်းကျော်လေး ထရက်ရှာက အခုလည်း ဖေဖေ့ကို တယုတယနဲ့…

ပိုလီယို ရောဂါခံစားနေရတဲ့ သမီးလေးကို လိုအပ်တာတွေ သွားလှူပေးရင်း ကြည်နူးပီတိခဲ့ရတဲ့ အကြောင်းတွေကို ပြေပြလာတဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပြီး အဖွဲ့သားများနဲ့အတူ လိုအပ်တဲ့ နေရာများကို ကိုယ်တိုင် သွားရောက် လေ့လာကာ ကူညီလှူဒါန်းပေးနေတာတွေကို မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ်နော်။ အခုလည်း ပိုလီယို ရောဂါခံစားနေရတဲ့…

ခက်ခဲနေတဲ့အနုပညာသမားတွေအတွက် ဆန်၊ဆီ၊ကြက်ဥနဲ့ ဆေးဝါးတွေ လှူဒါန်းပေးခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မေကဗျာကတော့ ဒီနေ့မှာ ခက်ခဲနေတဲ့ အနုပညာရှင်တွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါတယ်။ မေကဗျာကတော့ လတ်တလောကပ်ဘေးကာလမှာ အနုပညာလောကသားတွေအတွက် တတ်နိုင်သလောက်လှူဒါန်းပေးနေခဲ့တာပါ။ ဒီနေ့စက်တင်ဘာလ (၂၈)ရက်နေ့မှာလည်း မေကဗျာက သူကိုယ်တိုင်လိုက်ပါပြီး အနုပညာသမားတွေအတွက် စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ကြက်ဥတို့နဲ့ ဆေးဝါးတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အလှူလေးကိုတော့ အမြဲတမ်းလိုလို အလှူအကျိုးဆောင်ပေးနေတဲ့ သရုပ်ဆောင် အေးသီတာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ မေကဗျာကတော့ အခုတစ်ခေါက်စားသောက်ကုန်လှူဒါန်းတဲ့အလှူလေးက…

အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေကတော့ ဒီနေ့ စက်တင်ဘာလ (၂၈)ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။ ဒေါ်မြင့်မြင့်ခိုင်ကလည်း လက်ရှိမှာအနုပညာအလုပ်တွေမလုပ်ကိုင်တော့ပေမဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးပြီး သရုပ်ဆောင်ပီပြင်လွန်းလှတာကြောင့် ထပ်ဆင့်အကယ်ဒမီဆုတွေကိုပါရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးကြီးဖြစ်တာနဲကအညီ ယနေ့တိုင်ပရိသတ်ချစ်ခင်နေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဒီနေ့မှာကျရောက်တဲ့ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့အတွက်ကို ခိုင်နှင်းဝေက “Happy Birthday ကြီးတော်ကြီး မိခင်ရင်း…

အန်တီတူးရဲ့ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဒူးဝေဒနာကို သက်သာပျောက်ကင်းအောင် ကုသပေးခဲ့တဲ့ ထူးခန့်ကျော်

သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ ထူးခန့်ကျော်ကတော့ ပီပြင်ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပရိသတ်တွေကို ရသမျိုးစုံ ပေးစွမ်းနိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။ အက်ရှင်ဇာတ်ရုပ်တွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်တတ်တဲ့ ထူးခန့်ကျော်က ယနေ့အချိန်အထိ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးပြီ ဖြစ်ပါတယ် ။ ထူးခန့်ကျော်က အနုပညာအလုပ်တွေအပြင် လေဖြတ်လူနာတွေကို ဆေးကုသတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ် ။ စိတ်ကောင်းစေတနာထားပြီး လူနာတွေကို ဂရုတစိုက်ကုသတတ်တဲ့ ထူးခန့်ကျော်က…

ချစ်ရတဲ့ မိသားစုနဲ့ အတူ ကောင်းမှု ကုသိုလ် အလှူအတန်း များစွာပြုလုပ်ရင်း မွေးနေ့လေးကို ရိုးရင်းစွာ ဖြတ်သန်းခဲ့တဲ့ ခိုင်သင်းကြည်

ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကိုဟိုးအရင်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။ မခိုင်လေးအနေနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့အရွယ်တင်နုပျိုမှုက အံ့အားသင့်လောက်အောင်ပဲ ဖြစ်ပါတယ်။ မခိုင်လေးက ပျော်ရွှင်စရာ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဆယ်ကျော်သက် အရွယ် သမီးလေးတစ်ယောက်လည်းရှိလို့ သူမအတွက် အဖော်ရနေတာဖြစ်ပါတယ်။ ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း မိသားစုလိုက် စိတ်တူ ကိုယ်တူ အမြဲ ပြုလုပ်လေ့ရှိတာကို…

ဖခင်ကြီးရဲ့ နောက်ဆုံးခရီးကိုတောင် အနားမှာရှိခွင့်မရခဲ့တဲ့ ဖိုးချစ်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဇာတ်သဘင်မင်းသားချောလေး ဖိုးချစ်ရဲ့ ဖခင်ကြီးက ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅)ရက်နေ့က ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားတဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။ ထူးချွန်လှတဲ့ ဆိုင်းပညာရှင်ကြီးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အတွက် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ်။ ဖိုးချစ်အတွက်လည်း ဖခင်ကြီးကို ဆုံးရှုံးလိုက်ရတဲ့အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးဖြစ်ခဲ့ပါတယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးဖြစ်တဲ့ ဖခင်ကြီးရဲ့ နောက်ဆုံးခရီးကိုတောင် ဖိုးချစ်က အခြေအနေ အခက်အခဲတွေကြောင့် အနားမှာရှိခွင့်မရဘဲ Vedio…

အမှိုက်ပုံမှာ ရှာတွေခဲ့ပြီး ခေါ်ယူမွေးစားခဲ့တဲ့ သားလေးရဲ့ လက်ရှိကျန်းမာရေးအခြေနေကိုပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ခိုင်နှင်းဝေကတော့ ပြီးခဲ့တဲ့ လအနည်းငယ်က အမှိုက်ပုံမှာလာရောက်စွန့်ပစ်ခြင်းကို ခံရတဲ့ သားငယ်လေးတစ်ယောက်ကို ခေါ်ယူမွေးစားခဲ့တာပရိသတ်တွေမှတ်မိကြဦးမယ်ထင်ပါတယ်နော်။ သားငယ်လေးကတော့ ရှာတွေခဲ့ချိန်ကတည်းက (၂)ပေါင်ပဲရှိခဲ့ပါတယ်တဲ့။ ဒါ့အပြင် မေးခိုင်ပိုးများလည်းဝင်ကာ ခိုင်နှင်းဝေဆီရောက်တဲ့အချိန်မှာ အသက်လုရတဲ့အထိကို သားလေးရဲ့ကျန်းမာရေးဆိုးရွားနေခဲ့ပါတယ်။ သို့ပေမဲ့လည်း ခိုင်နှင်းဝေက သားလေးကို ဆေးရုံဆေးခန်းတွေဆက်တိုက်တင်ကာ သေချာပြုစုစောင့်ရှောက်ခဲ့တာကြောင့် အခုဆိုရင်သားလေးရဲ့ကျန်းမာရေးက စိတ်ချရတဲ့ အနေအထားကိုရောက်ရှိနေပါပြီတဲ့။ခိုင်နှင်းဝေကတော့ အခုလို ကလေးငယ်လေးတွေရဲ့အသက်ကို ကယ်ခွင့်ရတဲအတွက်ကျေနပ်ပီတိဖြစ်နေခဲ့ပြီး အခုလို အသက်ကယ်ခွင့်ရတဲ့ ကုသိုလ်ထူးကုသိုလ်မြတ်တွေကိုလည်း…

ချစ်မေမေရဲ့ မွေးနေ့လေးကို ပရိသတ်တွေ မမြင်ဘူးသေးတဲ့ ငယ်စဉ်က ပုံရိပ်လေးတွေနဲ့အတူ ဆုမွန်ကောင်းတောင်းပေးလာတဲ့ စံထိပ်ထားဦး

အကယ်ဒမီဆုများစွာကို သိမ်းပိုက်ထားပြီး ယနေ့ထိတိုင် အရွယ်တင်နုပျိုနေ‌ဆဲဖြစ်တဲ့ မင်းသမီး ခိုင်သင်းကြည်ကို သိကြမယ် ထင်ပါတယ်နော်။ သူမက သာယာချမ်းမြေ့ဖွယ် မိသားစု ဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ထိပ်ထိပ်လေးကလည်း ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ သူ‌လေးဖြစ်ပြီး ဖေဖေနဲ့မေမေ အမြဲဂုဏ်ယူနေရတဲ့ သူလေးပါ။ စံထိပ်ထားဦးက မိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒါ့ပြင်ထိပ်ထိပ်လေးက တူရိယာပစ္စည်းလေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင်…