Month: July 2021
မြန်မာသံအဆိုတော်ကြီး ရာဇာဝင်းတင့် ယနေ့ ကွယ်လွန်
ရေဘေးကြောင့် အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် မိတ်ဆွေတွေနဲ့ စုပေါင်းကာ လိုအပ်တာတွေ လှူဒါန်းခဲ့တဲ့ နေဝင်းတို့ ဇနီးမောင်နှံ
ခုလတ်တလောမှာဆိုရင် တစ်ချို့ တောင်တန်း ဒေသတွေမှာ မိုးရွာသွန်းမှုတွေကြောင့် ရေကြီး ၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ် ။ နေအိမ်တွေ နစ်မြှပ်သည်အထိ ရေဘေးကို ကြုံတွေ့နေရတာကြောင့် ဒေသခံတွေ ခက်ခဲစွာ နေထိုင်နေကြရပါတယ် ။ ဆေးရုံတွေလည်း ရေတွေဝင်လို့ ကိုဗစ်လူနာတွေကို ရွှေ့ပြောင်းနေကြတဲ့ ပုံတွေက တကယ် စိတ်မကောင်းစရာပါ ။ ဒါ့ကြောင့် မြို့ကြီးတွေက ပြည်သူတွေက တန်နိုင်သလောက်…
ချစ်ရတဲ့ မိသားစုတွေနဲ့ ပရိသတ်တွေကို အပြီးတိုင်နှုတ်ဆက်ခွဲခွာသွားခဲ့ရပြီဖြစ်တဲ့ သရုပ်ဆောင် ဦးခိုင်တင်
ပရိသတ်ကြီးရေဆယ်စုနှစ်နှစ်ခုကျော်တိုင်အောင်ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာနဲ့ သရုပ်ဆောင်နိုင်ခဲ့တဲ့ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ပန်ချီးဦးခိုင်တင်ကတော့မနေ့က ဇူလိုင်လ(၃၀)ရက်နေ့မှာဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါတယ်။ ဦးခိုင်တင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ဝါရင့် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပါ။ မနေ့က ဇူလိုင်လ (၃၀)ရက်နေ့မှာတော့ ဦးခိုင်တင်က သူချစ်ရတဲ့ မိသားစုတွေ ပရိသတ်တွေကို အပြီတိုင်နှုတ်ဆက်ခွဲခွာခဲ့ရပါတယ်။ အခုလို ရုပ်ရှင်လောကရဲ့ ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးခိုင်တင် ကွယ်လွန်သွားခဲ့တာကြောင့် အနုပညာအသိုင်းဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအားလုံးကလည်း စိတ်မကောင်းဖြစ်နေခဲ့သလို ပရိသတ်တွေကလည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြရမှာတော့…
ကိုဗစ်ရဲ့ မာယာတွေကြောင့် ဆုံးရှုံးမှုတွေ များခဲ့ရပုံကို ဝမ်းနည်းကြေကွဲစွာ ပြောပြလာတဲ့ ချယ်ရီသင်း
ဒီရက်ပိုင်းအထိတော့ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေသေးသလို ပြန်လည်ကောင်းမွန်လာသူတွေလည်းရှိနေတာ တွေ့ရပါတယ် ။ တစ်ချို့ ရောဂါဒဏ်မခံနိုင်လို့ သေဆုံးကြသူတွေလည်း ရှိနေသေးပါတယ်။ အနုပညာရှင်တွေထဲမှာလည်း ကိုဗစ်ကြောင့် သေဆုံးသူတွေ များစွာရှိနေတာကြောင့် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါ ။ မနေ့ကဆိုရင်လည်း ချယ်ရီသင်း က သူရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တစ်ဆင့် စိတ်မကောင်းစရာ သတင်းလေးကို ဝေမျှလာပါတယ် ။ ဒါကတော့ ကိုဗစ်ကြောင့်သူရဲ့ မိသားစုဝင်တွေထဲမှာ…
နိုင်ပွဲ အပြီး လေးစားစရာ အောင်လအန်ဆန် ပြောစကား
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ One Championshipရဲ့ BATTLEGROUND ပြိုင်ပွဲကြီးမှာ အောင်လအန်ဆန်က ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင် အလဲထိုးသက်အနိုင်ယူလိုက်ပါတယ်။ အောင်လက မစ်ဒယ်ဝိတ်တန်း တွဲဆိုင်းမှာ ထိုးသက်တာ ဖြစ်ပြီး ပထမအချီအတွင်း ၃မိနစ်နဲ့ ၄၅ စက္ကန့်မှာ အနိုင်ရလိုက်တာလဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကို မြန်မာစံတော်ချိန် ည ၇နာရီမှာ စတင်ခဲ့ပြီး ONE ရဲ့ YouTube…
အောင်လအန်ဆန် က ဘရာဇီးနိုင်ငံသား လီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင် အလဲထိုးအနိုင်ရ
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ One Championshipရဲ့ BATTLEGROUND ပြိုင်ပွဲကြီးမှာ အောင်လအန်ဆန်က ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင် အလဲထိုးသက်အနိုင်ယူလိုက်ပါတယ်။ အောင်လက မစ်ဒယ်ဝိတ်တန်း တွဲဆိုင်းမှာ ထိုးသက်တာ ဖြစ်ပြီး ပထမအချီအတွင်း ၃မိနစ်နဲ့ ၄၅ စက္ကန့်မှာ အနိုင်ရလိုက်တာလဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကို မြန်မာစံတော်ချိန် ည ၇နာရီမှာ စတင်ခဲ့ပြီး ONE ရဲ့ YouTube…
ဖျားနာနေတဲ့ လူမမာအိမ်တွေကို အဓိကထားပြီး ကိုယ်တိုင်သွားရောက်ကာ လိုအပ်တာ အဝဝကို ကူညီလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေကတော့ ပရဟိတ လုပ်ငန်းတွေကို အင်တိုက်အားတိုက် ပြုလုပ်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုများကို ရရှိထားသူ ပဲဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီလည်းဘယ်လောက်ဝေးဝေး နီးနီး ကိုယ်တိုင် သွားရောက်ကာ အစားအသောက်နဲ့ အလှူငွေတွေကို တတ်အားသရွေ့ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။ ခုလို ကိုဗစ်ကာလတွေမှာလည်း အောက်ဆီဂျင်မလုံလောက်တဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံး ကူညီလှူဒါန်းကာ ဖြေရှင်းပေးလျက်ရှိတာကိုတွေ့ရပါတယ် ။ ဒါ့အပြင် ရေဘေးသင့်ဒေသတွေ…
ရုတ်တရက် ဖခင်ကွယ်လွန်သွားတာကြောင့် ပျက်စီးသွားခဲ့ရတဲ့ အိပ်မက်လေးတွေကို စိတ်မကောင်းစွာပြောပြလာတဲ့ လင်းအောင်ခေတ်
ကောင်မလေးတွေ အသည်းစွဲ လင်းအောင်ခေတ်တစ်ယောက်လည်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရကြောင်း သူရဲ့အကောင့်လေးမှာ ဖော်ပြထားခဲ့ပါတယ် ။ ဒါ့အပြင် ဖခင်ဖြစ်သူလည်း ရောဂါဝေဒနာကို အတော်လေး ခံစားနေရာတာကိုတွေ့ရပါတယ် ။ မနေ့ကဆိုရင်လည်း သူရဲ့မိုင်ဒေးမှာ ဖခင်ဖြစ်သူ အောက်ဆီဂျင်တွေ ထိုးကျနေကြောင်း ဖော်ပြခဲ့ပါတယ် ။ ဒီမနက်အစောပိုင်းမှာတော့ စိတ်မကောင်းစွာနဲ့ပဲ ဖခင်ကြီး ကွယ်လွန်သွားကြောင်းကိုပရိသတ်တွေကို အသိပေးပြောကြားလာပါတယ် ။ ဖခင်ဖြစ်သူကို လုပ်ပေးမယ့် သူရဲ့…
ရုပ်ရှင်သရုပ်ဆောင်ဂွမ်းပုံကြီးရဲ့ခင်ပွန်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဦးချစ်ပြုံးကွယ်လွန်
ပရိသတ်ကြီးရေ အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားပေါင်းများစွာ ရိုက်ကူးကာ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားသူတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင် ဂွမ်းပုံကြီးကလည်း အပါအဝင်ပါပဲ..။ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ရိုးရှင်းပွင့်လင်းကာ အနေအေးတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက အသိအမှတ်ပြု တခဲနက်အားပေးချစ်ခင်ကြတာလည်း ဖြစ်ပါတယ်..။အန်တီဂွမ်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် ဝါရင့်အနုပညာရှင်လည်း ဖြစ်တဲ့ သရုပ်ဆောင်ဂွမ်းပုံကြီးကတော့ Covid…
အလုပ်တွေနားထားရချိန်လေးမှာ မိခင်ကြီးရဲ့ လုံချည်တွေကိုလျှော်ဖွတ်ကုသိုလ်ယူနေတဲ့ ကျော်ကျော်နန္ဒ
နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူတွေများစွာရှိခဲ့ပါတယ်။ အခုလိုဖမ်းဝရမ်းထုတ်ခဲ့ရတာကြောင့် ရှောင်ပုန်းခဲ့ရတဲ့အထဲမှာ ကျော်ကျော်နန္ဒလည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ ကျော်ကျော်နန္ဒက ဆင်းရဲဒုက္ခတွေနဲ့အချိန်တစ်ခုကြာရှောင်ပုန်းခံရပေမယ့် ၅၀၅(က)နဲ့အမှုဖွင့်ထားတဲ့သူအချို့ကိုပြန်လည်ရုတ်သိမ်းပေးခဲ့တဲ့ စာရင်းထဲမှာပါဝင်လာပါတယ်။ ကျော်ကျော်နန္ဒာဟာမကြာခင်ရက်ပိုင်းအတွင်းကလည်း ကျန်းမာရေးချို့တဲ့ခဲ့ပြီး ကိုဗစ်ရောဂါလက္ခဏာအချို့ခံစားခဲ့ရတာကြောင့် အိမ်မှာကုသမှုတွေခံယူခဲ့ရတာဖြစ်ပါတယ်။ ကျော်ကျော်နန္ဒဟာ အရင်က ပရိသတ်တွေရဲ့ဝေဖန်မှုတွေရရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ရပ်တည်ချက်ကြောင့်ပရိသတ်အတော်များများရဲ့ ချစ်ခင်အားပေးမှုတွေရရှိနေပြီပဲဖြစ်ပါတယ်။ ကျော်ကျော်နန္ဒဟာ အလုပ်တွေလည်းနားထားရတဲ့အပြင် ကပ်ရောဂါအခြေအနေတွေကြောင့် အိမ်မှာနေရင်း မိခင်ကြီးကိုအနီးကပ်ပြုစုနေတာကိုတွေ့ရပါတယ်။ မကြာသေးမီကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ “လတ်တလောအနုပညာအလုပ်တွေ ခဏနားထားတဲ့အချိန်မှာ…
ကိုဗစ်ကူးစက်ခံလိုက်ရပြီဖြစ်ကြောင်း အသိပေးလာတဲ့ ရွှေပိုးအိမ်
ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ ဒီနေ့မှာ ကိုဗစ်ကူးစက်ခံလိုက်ရပြီဖြစ်တဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းကြောင့် တော်တော်များများက ကူးစက်မှုခံနေရတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ ရွှေပိုးအိမ်ကတော့ ဒီနေ့မှာ သူ့ရဲ့ ကိုဗစ် စစ်ဆေးချက်မှာ Positive ထွက်ပြီး ကူးစက်ခံလိုက်ရပြီဖြစ်တဲ့အကြောင်း “P သွားပါပြီ။ အရမ်းချမ်းပြီး ဖျားပါတယ်။…
မိဘနှစ်ပါးလုံး ကိုဗစ်ကို အနိုင်တိုက်နိုင်ခဲ့တဲ့ အကြောင်းတွေ ဗဟုသုအနေနဲ့ ပြောပြလာတဲ့ ထက်အောင်ရှိုင်း
မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ နိုင်ငံကျော် မင်းသားချောလေး ထက်အောင်ရှိုင်းကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ် ။ ချောမောခန့်ညားပြီး ယောကျာ်းပီသတဲ့ အမူအရာတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ထက်အောင်ရှိုင်းကတော့ မနေ့ညက သတင်းကောင်းလေးတစ်ခုကို ဝေမျှလာပါတယ် ။ ဒါကတော့ မိဘနှစ်ပါးလုံး ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပေမယ့် ပျောက်ကင်းအောင် အနိုင်တိုက်နိုင်ခဲ့လို့ ပျော်ရွှင်နေရတဲ့ အကြောင်းပဲဖြစ်ပါတယ် ။ ဒါ့အပြင် မိဘတွေကို ပြုစုလုပ်ကိုင်ပေးခဲ့ပုံတွေကိုလည်း ဗဟုသုတအနေနဲ့ ရေးသားဝေမျှထားပါသေးတယ်…