Category: Celebrity

အပြင်ထွက်ချင်လို့ ဖိုးဖိုးနဲ့ဘွားဘွားကို ကပ်ချွဲပြီးပူဆာနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam

ကလေးတွေရဲ့ချစ်စရာအကောင်းဆုံးအချိန်က စကားတီတီတာတာပြောတတ်တဲ့အချိန်ပါပဲ။ မပီကလာအသံလေးတွေဟာ အရမ်းကိုချစ်ဖို့ကောင်းသလို မြင်သမျှကိုမေးတတ်တဲ့ စူးစမ်းချင်စိတ်လေးတွေဟာလည်း အသည်းယားဖို့ကောင်းပါတယ်။ ဖေဖေနဲ့မေမေက သြဇီမှာ ကျောင်းတက်နေရတာဖြစ်လို့ ဖိုးဖိုး ဘွားဘွားနဲ့ပဲအနေများတဲ့ Liam လေးဟာ ဒီအဖိုးနဲ့ ဒီအဘွားကိုပဲ အချွဲပိုနေခဲ့ပါတယ်။ အဖိုး အဘွားတွေကလည်း ဒီချစ်စရာမြေးလေးကိုပဲကြည့်ရင်း နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့ကြပါတယ်။ သမီးကြီးလေးရဲ့ ချစ်စရာအနှစ်လေးဟာ အဖိုး အဘွားတွေရဲ့ အသက်ရှည်ဆေးလေးပါပဲ။ ချစ်စရာကလေးလေးက အဘွားကိုအပြင်ထွက်ချင်လို့ ချစ်တယ်ဆိုပြီး…

ဘဝမှာ ခံစားရခက်တဲ့ စိတ်ဒဏ်ရာတွေအများကြီးရှိခဲ့တဲ့အကြောင်း ပရိသတ်ကို ပြောပြလာတဲ့ ချမ်းမီမီကို

ခက်ခဲတဲ့နေ့ရက်တွေကို တရားဓမ္မနဲ့ရင်ဆိုင်ခဲ့ပြီးနောက်မှာတော့ ဘယ်လိုအခက်အခဲမဆို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်သွားခဲ့ပြီ ဖြစ်တဲ့ ချမ်းမီမီကိုတစ်ယောက် သူမခံယူခဲ့တဲ့ ဆရာတော်ကြီးရဲ့ ဆုံးမစကားတွေကို ပရိသတ်ကြီးအကျိုးရှိအောင် ပြန်လည်ဝေမျှခဲ့ပါ တယ်။ လူတိုင်းမှာ ခက်ခဲတဲ့အကြောင်းတရားတွေကြုံလာဦးမှာမို့ ကြုံလာတဲ့အချိန်မှာလည်း တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့လိုပါ တယ်။ အေးချမ်းတဲ့ဗုဒ္ဓရဲ့အဆုံးအမတွေကို ရင်ထဲမှာမှတ်သားပြီး အရာရာကိုရင်ဆိုင်မယ်ဆိုရင် တုန်လှုပ်စရာမလိုဘဲ အေးအေးချမ်းချမ်းနဲ့ အခက်အခဲတွေကို ဖြတ်ကျော်သွားနိုင်မှာပါ။ ဒီအကြောင်းလေးကို ချမ်းက ” ဘဝမှာ တစ်ခါတစ်ခါ…

ကြက်တောင်သွားရိုက်ရင်း မျက်လုံးထိခိုက်မိတာကြောင့် ခွဲစိတ်မှုပြုလုပ်ရမည်ဖြစ်ကြောင်း ဝမ်းနည်းစွာပြောလာတဲ့ နီလန်း

ချင်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ အဆိုတော်နီလန်းကတော့ Myanmar Idol season 3ကနေစတင်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး အသဲကွဲသီချင်းသစ်လေးတွေနဲ့ပရိသတ်တွေရဲ့အချစ်ကို ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ မကြာသေးခင်ကလည်း”ငါမှားတယ်”ဆိုတဲ့သီချင်းအသစ်လေးကိုထွက်ရှိထားခဲ့ပါသေးတယ်။ လတ်တလောမှာတော့ကိုအနုပညာအလုပ်တွေကိုရပ်နားပြီး Live Saleရောင်းချမှုတွေကိုပြုလုပ်နေတာပဲဖြစ်ပါတယ်။ မနေ့ကတော့နီလန်းဟာ ကြက်တောင်ရိုက်ရင်းမျက်လုံးထိခိုက်သွားတာကြောင့် အလုပ်တွေအားလုံးကိုရက်ရွှေ့ဆိုင်းလိုက်ရပြီး လာမည့်တနင်္ဂနွေနေ့မှာတော့ မျက်စိခွဲစိတ်မှု့ပြုလုပ်သွားရမယ်လို့သိရပါတယ်။ အဲဒီအကြောင်းကိုတော့နီလန်းက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ယခုလိုပဲပြောပြလာခဲ့ပါတယ်။ “ဒီနေ့တစ်ခါမှမရိုက်စဖူး ကြက်တောင်သွားရိုက်ရင်း မျက်လုံးထိခိုက်မိတာကြောင့် လက်ခံထားသော Live Sale များအားလုံးကို…

ဒုတိယအကြိမ် မြောက်ဥက္ကလာပဆေးရုံမှာ ငွေကျပ်သိန်း(၁၂၀)တန်ဖိုးရှိ ICU ကုတင်များ လှူဒါန်းပေးခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

ပြည်သူချစ်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံဟာ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ပြီး မွေးရာပါနှလုံးအပေါက်ပါတဲ့ကလေးတွေကို ကုသပေးနေတာပဲဖြစ်ပါတယ်။ အခုလိုကိုဗစ်ကာလမှာတော့ သူတို့ခေတ်သစ်ဖောင်ဒေးရှင်းဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက်လိုအပ်လျက်ရှိသည်များကို အချိန်နှင့်တပြေးညီကူညီလှုဒါန်းပေးနေတာကိုတွေ့ရပါတယ်။ လက်ရှိမှာလည်းမြောက်ဥက္ကလာပဆေးရုံ Emergency ဌာနတွင် လူနာရောက်လာသည်နှင့်တစ်ပြိုင်နက် Function စုံလင်၍ အဆင်ပြေစွာအသုံးပြုနိုင်သော ICU လူနာကုတင်များမှာလိုအပ်လျက်ရှိတယ်လို့သိရပါတယ်။ ဒါ့ကြောင့်လည်းခေတ်သစ်ဖောင်ဒေးရှင်းကနေ ICU ကုတင်(၄)လုံး(တန်ဖိုးငွေကျပ်သိန်း(၁၂၀)ကျပ်တိတိ)အား ဒုတိယအကြိမ်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းမှ စေတနာရှင်အလှူရှင်များနှင့်စုပေါင်း၍ မြောက်ဥက္ကလာပဆေးရုံမှာ ပထမအကြိမ်တွင်(၂)လုံး၊ ဒုတိယအကြိမ်(၄)လုံးနဲ့ စုစုပေါင်း(၆)လုံးကိုလှူဒါန်းပြီးစီးခဲ့ပြီလို့လည်းသိရပါသေးတယ်။ အဲဒီအလှူကိုတော့…

မြေးအကြီးမလေးရဲ့ ၆ နှစ်ပြည့်မွေးနေ့လေးကို အိမ်မှာပဲပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တဲ့ ဦးခင်လှိုင်တို့ မိသားစုရဲ့ ကြည်နူးစရာ ဗီဒီယိုလေး

ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်းဒရမ်မာမျိုးစုံကို ပိုင်နိုင်စွာလုပ်ဆောင်နိုင်တဲ့ ဦးခင်လှိုင်ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်‌နော်။ သူဟာအနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင်အောင် ရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ ဦးခင်လှိုင်ဟာ ရုပ်ရှင်ကားကြီးများကိုလည်းအဆက်မပြတ်ရိုက်ကူးနေသူဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးကာ ပျော်ရွှင်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်သူ့ရဲ့ သားနဲ့သမီးဖြစ်တဲ့ နေရဲနဲ့သဇင်ထူးမြင့်ဟာဆိုရင်လည်း အနုပညာလုပ်ငန်းတွေကိုစတင်လုပ်ဆောင်ကာ နာမည်ရလာတဲ့တက်သစ်စအနုပညာရှင်လေးတွေပါနော်။ ဦးခင်လှိုင်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေတာဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့မှော်ဘီခြံကြီးထဲမှာလည်း တစ်ခါတစ်ရံ မိသားစုလိုက် စားသောက်ကာအပန်းဖြေလျက်ရှိတာလည်းဖြစ်ပါတယ်။အခုလည်းမြေးအကြီးလေးရဲ့ ၆ နှစ်ပြည့်မွေးနေ့လေးကို အိမ်မှာပဲ မိသားစုစုံစုံလင်လင်ကျင်းပနေတဲ့…

ချစ်မေမေနဲ့အတူ မျက်နှာတွေမျိုးစုံပြောင်ကာ အခွီတွေလုပ်ပြနေတဲ့ သမီးလေး ခေတ်နဲ့ သစ်

အနုပညာလောကမှာအောင်မြင်မှုများစွာ ဆွတ်ခူးနေတဲ့ ချစ်သုဝေကတော့ တကယ့်ကို ပြီးပြည့်စုံတဲ့ အရည်အချင်းများစွာရှိတဲ့ အမျိုးသမီးတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဆရာဝန်တစ်ဦးဖြစ်ပေမယ့်လည်း ချစ်သုဝေက သူမချစ်တဲ့အနုပညာအလုပ်တွေကို ပိုမိုဦးစားပေးလုပ်ကိုင်ခဲ့သူဖြစ်ပြီး အခုဆိုရင် ချစ်သုဝေက သမီးအမြွှာလေးနှစ်ယောက် ပိုင်ဆိုင်ထားကာ ပရိသတ်တွေ အားကျချစ်ခင်နေကြတာအမှန်ပါပဲနော်။ ချစ်စရာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကို မွေးဖွားထားပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မိသားစုတစ်စုဆိုလည်း မမှားပါဘူး ။ဒါ့အပြင် ခေတ်နဲ့ သစ်လေးတို့ဟာ အရမ်းတတ်ပြီး ချစ်စရာကောင်းလွန်းတဲ့…

ခင်ပွန်းစိတ်ရှည်တုန်းလေး အမိအရရိုက်ကူးထားတဲ့ အမိုက်စားပုံလေးတွေမျှဝေပေးလိုက်တဲ့ ချောရတနာ

သရုပ်ဆောင်ချောရတနာကတော့ ပရိသတ်ကြီးနဲ့ရင်နှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့ ၂၀၁၂ခုနှစ်ကခင်ပွန်းဖြစ်သူနဲ့အတူလက်ထပ်ခဲ့ပြီး အခုဆိုရင်အိမ်ထောင်သက်တမ်း၈နှစ်ကျော်နေခဲ့ပြီပဲဖြစ်ပါတယ်။ သားချောလေးတစ်ယောက်နဲ့ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုအေးအေးချမ်းချမ်းလေးတည်ဆောက်နေတာပဲဖြစ်ပါတယ်။ ချောရတနာကတော့ယခုအချိန်ထိ တစ်သားမွေးတစ်သွေးလှဆိုသလို အပျိုလေးတစ်ယောက်လိုပဲနုပျိုပြီးလှပနေဆဲပါ။ သူမဟာအနုပညာအလုပ်တွေကိုအရင်ကလောက်မလုပ်တော့ပေမယ့် ကြော်ငြာလေးတွေကိုသာရိုက်ကူးပြီး ပရိသတ်တွေရဲ့အချစ်ကိုဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေနဲ့မိသားစုပုံရိပ်လေးတွေကိုလည်းရိုက်ကူးပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအမြဲမျှဝေပေးနေတာကိုတွေ့ရပါတယ်။ ဒီနေ့မှာလည်းဓာတ်ပုံမရိုက်ချင်တဲ့ခင်ပွန်းဖြစ်သူစိတ်ရှည်တုန်းလေးအမိုက်စားဓာတ်ပုံလေးတွေကိုအတူတူရိုက်ကူးခဲ့ပါတယ်။ အဲဒီပုံရိပ်လေးတွေကိုတော့ “သူစိတ်ရှည်တုန်းလေး”ဆိုပြီးရေးသားကာ မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ ချောရတနာတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။ Source:Chaw Yadanar

လွန်းခဲ့တဲ့ ၂၀၁၆ တုန်းက အရမ်းဝခဲ့တဲ့ပုံလေးတွေနဲ့ လက်ရှိ ပိန်ပြီး ကျစ်လစ်အောင်လေ့ကျင့်ခန်းတွေလုပ်ထားတဲ့ပုံနဲ့ယှဉ်ပြီး ထုတ်ပြလိုက်တဲ့ ရွှေပိုးအိမ်

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လတ်တလောမှာဆိုရင် သီချင်းတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ရွှေပိုးအိမ်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်းရှိလို့ သူမကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိနေတာပဲဖြစ်ပါတယ်နော်။ ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း ပရိသတ်တွေက အားပေးကြည့်ရှုကြပြီး သူမရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်တွေကြောင့် ပရိသတ်ကြီးက ဇာတ်ကားထဲ စီးမျောပါသွားရပါတယ်နော်။ရွှေပိုးအိမ်က ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ချစ်စရာကောင်းတဲ့ ပုံလေးကြောင့် လူချစ်လူခင် ပေါများကာပရိသတ်တွေ ချစ်ခင်ကြတာလည်းဖြစ်ပါတယ်။ သူရဲ့…

Shwe FM ကပေးအပ်တဲ့ ဆုကြေးငွေနဲ့ အနုပညာကြေးတွေကို အမေများအဖွဲ့အတွက် လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

အဆိုတော်မေလသံစဉ်ကတော့ မြန်မာသံစဉ်လေးတွေကိုသီဆိုပြီး ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမဟာအသက်ငယ်ပေမယ့် ရိုးသားကြိုးစားပြီး ကိုယ်ပိုင်သီချင်းလေးတွေကိုဖန်တီးနေတာပဲဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတော်တော်များများကိုလည်း ကိုယ်တိုင်ခံစားချက်နဲ့ရေးသားသီဆိုလေ့ရှိသလို တခြားအနုပညာရှင်ညီအစ်ကိုမောင်နှမတွေအတွက်လည်း သီချင်းလေးတွေကိုရေးစပ်လေ့ရှိပါတယ်။ ဒီဇင်ဘာလ(၁၂)ရက်နေ့ Shwe fmရဲ့(၁၁)နှစ်ပြည့်ဂီတဆုပေးပွဲကြီးမှာတော့ မေလသံစဉ်ဟာ(ကျောင်းပိတ်ရက် MTV သီချင်းလေးနဲ့ဆုရရှိခဲ့ပါတယ်။ သူမကတော့အဲဒီဂီတဆုပေးပွဲကြီးကရတဲ့ဆုကြေးငွေနဲ့ အနုပညာကြေးရရှိတဲ့ငွေများကိုစုပေါင်းပြီး သန်လျင်မြို့နယ်ရှိအမေများ အိမ်ရာ၊အမေများအဖွဲ့အား အလှူငွေ(၁၀)သိန်းကျပ် (ငွေပဒေသာပင်)ပေးအပ်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်အမေများအဖွဲ့အား ဆန်၊ ဆီနှင့် Nice Food မုန့်စုံပုံးများကို လှူဒါန်းပေးခဲ့ပါသေးတယ်။…

မွေးနေ့အလှူအဖြစ် နှစ်ဦးဓမ္မသဘင် တရားပွဲဖြစ်မြောက်ရေးအတွက် အလှူငွေ (၁၀)သိန်းလှူဒါန်းပေးခဲ့တဲ့ ဒေါ်ဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ ဒေါ်ဝါဝါဝင်းရွှေကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ဝါရင့်အကယ်ဒမီဆုရ မင်းသမီးကြီးပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိကို ဒါရိုက်တာ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲပါ။ ဒေါ်ဝါဝါဝင်းရွှေကတော့ အလှူအတန်းတွေကိုလည်း အခါအခွင့်သင့်ရင်သင့်သလို ပြုလုပ်နေခဲ့ပြီး လာမယ့် ဒီဇင်ဘာလ (၃၀)ရက်နေ့မှာကျရောက်မယ့် သူ့ရဲ့မွေးနေ့အတွက်ကိုလည်း မွေးနေ့အထိမ်းအမှတ် အလှူအနေနဲ့ တရားဓမ္မအလှူတစ်ခုမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးလိုက်ပြန်ပါတယ်။ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ နှစ်ဦးဓမ္မသဘင်ပွဲကြီးကို ကိုဗစ်ကပ်ရောဂါကျရောက်နေတဲ့ ဒီနှစ်မှာလည်း Online စနစ်နဲ့…

ခရစ္စမတ် အပြင်အဆင်လေးတွေအပြည့်နဲ့ ဆွဲဆောင်မှုရှိရှိ အမိုက်စားပို့စ်လေးပေးကာ လှရက်လွန်းနေတဲ့ ယုသန္တာတင်

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အဖြစ် ပရိသတ်အခိုင်အမာရရှိလာတဲ့ မင်းသမီးချော ယုသန္တာတင် ကတော့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပါ ။ သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက် တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။ သူမကတော့ ခရီးတွေထွက်ရတာ ဝါသနာပါသူလေးဖြစ်ရာ ခရီးစဉ်တစ်လျှောက် အမှတ်တရ ပုံရိပ်တွေကိုလည်း အမြဲဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။အခုလည်း ခရစ္စမတ် အပြင်အဆင်လေးတွေအပြည့်နဲ့ အမိုက်စားပို့စ်လေးတွေပေးကာလန်းလွန်းနေတဲ့ ပုံလေးတွေ…

သားလေးမြတ်သူအနဲ့အတူ ဟိုတယ်မှာအပန်းဖြေခဲ့ကြတဲ့ မြင့်မြတ်တို့မိသားစုရဲ့ ကြည်နူးစရာ ဗီဒီယိုလေး

ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အကြာကြီး အခိုင်အမာ သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသား မြင့်မြတ်ပဲ ဖြစ်ပါတယ်။ အနုပညာလောကတွင်သာမကဘဲ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ဖန်တီးတည်ဆောက်ထားနိုင်တာလည်း ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကားတိုင်းကိုလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေလက်ခံအားပေးတဲ့ မင်းသားတစ်လက် ဖြစ်လာတာပါ။ အခုဆိုရင် မြင့်မြတ်ရဲ့ချစ်ဇနီးက နောက်ထပ်ကိုယ်ဝန်ကိုလည်း လွယ်ထားရတာဖြစ်ပြီး မကြာခင်မှာ မိသားစုဝင်အသစ်ထပ်တိုးတော့မှာဖြစ်ပါတယ်နော်။မြင့်မြတ်ကတော့ သားလေးမြတ်သူကိုလည်း အရမ်းချစ်ပြီး လိုလေသေးမရှိအောင်ဂရုစိုက်ပေးတာပါ။ပရိသတ်တွေကလည်း…