ပရိသတ်ကြီးရေ လိုက်ဖက်ညီလွန်းလှတဲ့ စုံတွဲလေးဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ စုံတွဲလေးကတော့ မနေ့သူ့တို့ရဲ့ဘဝထဲကို သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးဝင်ရောက်လာတဲ့အကြောင်း ပရိသတ်တွေကို အသိပေးမျှဝေလာခဲ့ပါတယ်။ စည်ဖြိုးရောခင်လွှမ်းရောအပြင် မိသားစုဝင်တွေကပါ ဒီရင်သွေးလေးကြောင့်ပျော်ရွှင်နေခဲ့ကြပါတယ်။

စည်ဖြိုးကတော့ ဒီနေ့မှာ သူတို့ရဲ့ ရင်သွေးလေးက ကောင်းသော လာခြင်းတွေနဲ့ သူတို့ရဲ့ ဘဝထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ထူးဆန်းမှုတွေကို ကြုံတွေ့နေရပါတယ်တဲ့။ စည်ဖြိုးခင်လွှမ်းတို့က စစ်ဆေးမှုကို (၄)ကြိမ်တိတိသေချာစစ်ဆေးခဲ့တာ ဖြစ်ပြီး ရင်သွေးလေးက စည်ဖြိုးတစ်ယောက် ဝါတွင်း မေတ္တာအဓိဋ္ဌာန်ဝင်နေတာပြီးခါနီး တစ်ပတ်အလိုမှာ သူတို့ရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့တာပါ။ (၄)ကြိမ်တိတိစစ်ဆေးမှုပြုလုပ်ချိန်တိုင်းမှာလည်း အိမ်မြောင်တွေက မေတ္တာတွေဝန်ရံပေးနေကြတဲ့အလား စုပ်ထိုးနေကြပါတယ်တဲ့။

စည်ဖြိုးကတော့ သူတို့စုံတွဲလေးရဲ့ ဘဝထဲကို ရင်သွေးလေးက ရောက်ရှိလာတော့မှာ သေချာနေပြီဖြစ်တဲ့အတွက် ပျော်ရွှင်ကြည်နူးပီတိဖြစ်နေခဲ့ပါတယ်။ CeleZone TV ပရိသတ်ကြီးရေ စည်ဖြိုးကတော့ ပထမဆုံးရင်သွေးလေးကို မကြာခင်အချိန်မှာပိုင်ဆိုင်တော့မှာဖြစ်တဲ့အပြင် လာခြင်းကောင်းတဲ့ ရင်သွေးလေးကြောင့် ပျော်ရွှင်နေပါတယ်တဲ့နော်။
Source – Si Phyo

x