ဝေဠုကျော်ကတော့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အခုလို ကာလတွေမှာ အဆင်မပြေကြတဲ့ ပြည်သူတွေ များပြားလွန်းလို့ လိုအပ်တဲ့နေရာတွေကို သေချာ စီစစ်ပြီး တတ်နိုင်သလောက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းကာ အစွမ်းကုန် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။
ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာလည်း လူနာတွေအတွက် အောက်ဆီဂျင်အိုးများ လှူဒါန်းကာကူညီပေးလျက်ရှိပါတယ် ။ ဒါ့အပြင် ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေရဲ့ ကိစ္စဝဝအပြင် သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေကိုလည်း သူကိုယ်တိုင် PPE ဝတ်ပြီး စနစ်တကျ သယ်ယူကာ နေ့ရော ညရော ကူညီပေးနေတာကြောင့် ပရိသတ်တွေက လေးစားအားကျနေရတာပါ ။
နေရာအစုံကို လိုအပ်တာတွေ တတ်နိုင်သလောက် ကူညီနေတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းက အခုလည်း ဆားတောင်ရွာ မိဘမဲ့ကျောင်းကို အရုပ်များ နှင့် ကလေး အဝတ်အထည်များ လှူဒါန်းပေးခဲ့ပြန်ပါတယ် ။ အလှူပုံတွေနဲ့ အတူ ” #ဆားတောင်မိဘမဲ့ကျောင်းသို့ ဝေဠုကျော်ဖောင်ဒေးရှင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဆားတောင်ရွာ မိဘမဲ့ကျောင်းသို့ အရုပ်များ နှင့် ကလေး အဝတ်အထည်များ အထုပ်ကြီး ၂ထုပ်ကို စစ်ကိုင်းအဖွဲ့မှ တဆင့် ပေးပို့ လှူပေးလိုက်ပါတယ်။” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ် ။
Yuan – Cele Channel
Photo – Wai Lu Kyaw
-Zawgyi Font ဖြင့်ဖတ်ရန် –
ဆားေတာင္႐ြာ မိဘမဲ့ေက်ာင္းကို အ႐ုပ္မ်ား ႏွင့္ ကေလး အဝတ္အထည္မ်ား လႉဒါန္းေပးခဲ့တဲ့ ေဝဠဳေက်ာ္
ကေလးေတြ ဘယ္ေလာက္ ေပ်ာ္လိုက္မလည္း?
ေဝဠဳေက်ာ္ကေတာ့ အေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ အခုလို ကာလေတြမွာ အဆင္မေျပၾကတဲ့ ျပည္သူေတြ မ်ားျပားလြန္းလို႔ လိုအပ္တဲ့ေနရာေတြကို ေသခ်ာ စီစစ္ၿပီး တတ္ႏိုင္သေလာက္ အေျခခံ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းကာ အစြမ္းကုန္ ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။
ကိုဗစ္ေရာဂါေတြ ျဖစ္ပြားေနခ်ိန္မွာလည္း လူနာေတြအတြက္ ေအာက္ဆီဂ်င္အိုးမ်ား လႉဒါန္းကာကူညီေပးလ်က္ရွိပါတယ္ ။ ဒါ့အျပင္ ကိုဗစ္ေရာဂါ ကူးစက္ခံထားရတဲ့ လူနာေတြရဲ႕ ကိစၥဝဝအျပင္ ေသဆုံးသူေတြရဲ႕ ႐ုပ္ အေလာင္းေတြကိုလည္း သူကိုယ္တိုင္ PPE ဝတ္ၿပီး စနစ္တက် သယ္ယူကာ ေန႔ေရာ ညေရာ ကူညီေပးေနတာေၾကာင့္ ပရိသတ္ေတြက ေလးစားအားက်ေနရတာပါ ။
ေနရာအစုံကို လိုအပ္တာေတြ တတ္ႏိုင္သေလာက္ ကူညီေနတဲ့ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းက အခုလည္း ဆားေတာင္႐ြာ မိဘမဲ့ေက်ာင္းကို အ႐ုပ္မ်ား ႏွင့္ ကေလး အဝတ္အထည္မ်ား လႉဒါန္းေပးခဲ့ျပန္ပါတယ္ ။ အလႉပုံေတြနဲ႔ အတူ ” #ဆားေတာင္မိဘမဲ့ေက်ာင္းသို႔ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕၊ ဆားေတာင္႐ြာ မိဘမဲ့ေက်ာင္းသို႔ အ႐ုပ္မ်ား ႏွင့္ ကေလး အဝတ္အထည္မ်ား အထုပ္ႀကီး ၂ထုပ္ကို စစ္ကိုင္းအဖြဲ႕မွ တဆင့္ ေပးပို႔ လႉေပးလိုက္ပါတယ္။” ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပလိုက္ပါတယ္ ။
Yuan – Cele Channel
Photo – Wai Lu Kyaw