ခိုင်နှင်းဝေကတော့ ခက်ခဲနေတဲ့ပြည်သူတွေကို နေ့တိုင်း ပံ့ပိုးကူညီပေးနေပြီး စားသောက်ကုန်တွေကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။

အခုလည်း မနေ့က ရန်ကင်း (၈)ရပ်ကွက်၊မဉ္ဓူ (၂)လမ်း ထဲမှာ စွန့်ပစ်ခံထားရတဲ့ မွေးကာစ သားငယ်လေး တစ်ယောက် ကို တရားဝင် မွေးစားလိုက်ပြီဖြစ်ကြောင်း ပုံလေးတွေနဲ့ တကွ ရေးသားဖော်ပြလာပါတယ် ။ ပုံတွေနဲ့အတူ ” ခုနှစ်ရက် သားသမီးများနဲ့ စုပေါင်းပြီး အသက်တစ်ချောင်းထပ်မံ ကယ်ယူဖြစ်ပါတယ်…နီတာရဲလေးကနေ စပြီး ဘဝ တစ်ခု လျှောက်လှမ်းနိုင်တဲ့ အထိ ကယ်တင် ပြုစု ပေးရင်း သားကောင်းရတနာလေး ဖြစ်ဘို့ မျှောင်လင့်မိပါတယ်ရှင်..” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Channel

Photo – Khine Hnin Wai

-Zawgyi Font ဖြင့်ဖတ်ရန် – 

မနေ့က စွန့်ပစ်ခံရတဲ့ မွေးကာစ ကလေးငယ်လေးကို တရားဝင် မွေးစားလိုက်ပြီ ဖြစ်ကြောင်းပြောပြလာတဲ့ ခိုင်နှင်းဝေ

ချစ်စရာလေး ကလေးလေးက ?




Yuan – Cele Channel

Photo – Khine Hnin Wai

x