အဆိုတော်၊သရုပ်ဆောင် ရတနာမိုင်ကတော့  တေးသံရှင်မိုင်ရဲ့သမီးချောလေးဖြစ်ပြီး  မိခင်ဆီကနေ လက်ဆင့်ကမ်းရရှိပြီး ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။ နားဝင်ချိုပြီး သာယာတဲ့အသံလေးကို ပိုင်ဆိုင်ထားတဲ့ ရတနာမိုင်ကတော့ သီချင်းတွေကို ပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် သီဆိုတတ်တာ ဖြစ်ပါတယ်။ 

အလုပ်တွေကို ကြိုးစား လုပ်ကိုင်သလို မိဘနှစ်ပါးအပေါ်လည်း သိတတ်လိမ္မာတဲ့ သမီးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက လေးစား ချစ်ခင်နေရတာပါ ။ ဒီနေ့မှာတော့ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူရဲ့ (၁) ပြည့်နေ့မှာ ကောင်းမှုကုသိုလ် အလှူအတန်းများစွာကို ပြုလုပ်ပေးခဲ့ပါတယ် ။

အလှူပုံရိပ်တွေနဲ့ အတူ ” ကွယ်လွန်သူ မွေးသဖခင်ကျေးဇူးရှင်ဖေကြီး ဦးမောင်ရင် ၁ လပြည့်ဆွမ်းကပ်အလှူ ?ဘာလိုလိုနဲ့ ဖေကြီးသမီးတို့ကိုခွဲခွာသွားတာ ၁ လတောင်ပြည့်သွားပြီဖေကြီးရေ ?ဖေကြီးကိုရည်စူးပြီး သမီးတို့ သားအမိပြုလုပ်တဲ့ကုသိုလ်တွေအများကြီးရပါစေနော် လူဖြစ်လူချမ်းသာ နတ်ဖြစ်နတ်ချမ်းသာဖြစ်ပါစေ မြင့်မြတ်သောဘုံဘဝမှာခံစား စံစားနိုင်ပါစေ ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Channel

Photo – Yadana My

-Zawgyi Font ဖြင့်ဖတ်ရန် – 

ချစ်ရတဲ့ဖေဖေ ကွယ်လွန်တာ (၁) လပြည့်နေ့မှာ အလှူအတန်းများစွာကို ရည်စူးပြီး ပြုလုပ်ပေးခဲ့တဲ့ ရတနာမိုင်

???




pYuan – Cele Channel

Photo – Yadana My

x