မင်းသားချော နေဒွေးကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်းနဲ့ သူ့ရဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း လုပ်ကိုင်နေတာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။အနုပညာလှုပ်ရှားမှုတွေမှာသာမကဘဲ စီးပွားရေးလုပ်ငန်းတွေမှာလည်း အောင်မြင်မှုတွေ ရရှိအောင်ဦးစီးလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတဲ့ နေဒွေးက လိုအပ်တဲ့နေရာများကို သွားရောက်ကာ သူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ ၊ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။
အခုလည်း မိခင်ကြီးဒေါ်ခင်စောရီ နှင် ခုနှစ်ရက်သားသမီးအပေါင်း အမှုးထားပြီး ဒေါက်တာအရှင်ကေဝလ ဦးစီးတည်ဆောက်နေတဲ့ ကျောင်းဆောင်သစ်မှာ လမ်းခင်းရန်အတွက် အလှူ ငွေ ငါးသိန်းကျပ်ကို လှူဒါန်းခဲ့တာကို တွေ့ရပါတယ် ။ အလှူလက်ခံ ရရှိတဲ့ ပုံလေးတွေကိုလည်း ဝေမျှထားရာ ပရိသတ်ကြီးလည်း သာဓု ခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Yuan – Cele Channel
Photo – Nay Dway
-Zawgyi Font ဖြင့်ဖတ်ရန် –
မိခင်ဖြစ်သူကို အမှူးထားပြီး ဘုန်းကြီးကျောင်းမှာ လမ်းခင်းရန် အတွက် အလှူငွေများစွာ ထည့်ဝင် လှူဒါန်းခဲ့တဲ့ နေဒွေး
သာဓု သာဓု သာဓုရ?
Yuan – Cele Channel
Photo – Nay Dway