ခိုင်နှင်းဝေကတော့ မိဘမဲ့ ဂေဟာလေးကို တည်ထောင်ထားပြီး အခြေအနေတွေ အမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကလေးတွေကို တရားဝင် ခေါ်ယူ မွေးစား စောင့်ရှောက်ပေးနေတာပါ ။ သူမရဲ့ သားသမီးလေးတွေကိုလည်း အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။
ကလေးတွေနဲ့ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။ ကလေးတွေကလည်း သူမကို မေတ္တာရှိလို့ အမြဲလိုလို မခွာနိုင်အောင် ကပ်ချွဲနေကြတာပါ ။
အခုလည်း သားတွေ သမီးတွေကိုကြည့်ပြီး အမြဲ ပြုံးပျော် ပီတိဖြစ်ရကြောင်းကို ပုံလေးတွေနဲ့ တကွ ဖော်ပြလာပါတယ် ။ ပုံတိုင်းမှာ ဖြူစင်လွန်းတဲ့ ကလေးလေးတွေ ခမျာ အကုန် ချစ်စရာကောင်းလွန်းတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ကလေးငယ်လေးတွေရဲ့ ပုံရိပ်တွေကိုဝေမျှပေးလိုက်ပါတယ် ။
Yuan – Cele Channel
Photo – Khine Hnin Wai
-Zawgyi Font ဖြင့်ဖတ်ရန် –
ချစ်ရတဲ့ သားတွေ သမီးတွေကြောင့် နေ့ရက်တိုင်း ပြုံးပျော်ပီတိဖြစ်ရကြောင်း ပုံလေးတွေနဲ့ တကွ သက်သေပြလာတဲ့ ခိုင်နှင်းဝေ
ချစ်စရာလေးတွေ ?
Yuan – Cele Channel
Photo – Khine Hnin Wai