ပရိသတ်တွေကြိုက်နှစ်သက်တဲ့ လူငယ်အဆိုတော်တွေထဲမှာ G Fatt တစ်ယောက်လည်း အပါအဝင်ပါ။ G Fatt ကတော့ ကိုယ်ပိုင်ဖန်တီးတဲ့သီချင်းတွေနဲ့အတူ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့ကတော့ G Fatt ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကတော့ မွေးနေ့အတွက် မပျက်မကွက်ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ဒါအပြင် G Fatt က ဒီကနေ့ သူ့ရဲ့ မွေးနေ့မှာ နာမည်ကြီး ကားအမှတ်တံဆိပ်တစ်ခုရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံရတယ်လို့ ဂုဏ်ယူစွာနဲ့ သိရှိရပါတယ်။G Fatt ကတော့ မွေးနေ့မှာ ထူးထူးခြားခြား ကားတစ်စီးလက်ဆောင်ရရှိခဲ့ပြီး အမှတ်တရတွေများစွာ ဖြစ်ခဲ့တာ အားကျဝမ်းသာစရာပါပဲ။

သူ့ရဲ့မွေးနေ့မှာ နာမည်ကြီးကားအမှတ်တံဆိပ်ဖြစ်တဲ့ MG ရဲ့ Brand Ambassador အဖြစ် (၂) နှစ်တာ တာဝန်ထမ်းဆောင်ရမှာဖြစ်မှာလဲဖြစ်ပါတယ်။မွေးနေ့မှစပြီး နှစ်ပေါင်းများစွာပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ အောင်မြင်မှုများစွာရရှိစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

source-7th Sense Creation

x