မိန်းမလှလေးတွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ညိမ်းသော်က လက်ရှိမှာ တက်သစ်စ အနုပညာရှင်တစ်ယောက်အဖြစ် အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့ရမှာပါ။ စမတ်ကျပြီး ကိုရီးယားဆန်တဲ့ ပုံစံလေးတွေကြောင့် ကောင်မလေးတွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင်အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။

ညိမ်းသော်ကတော့ ခရီးတွေထွက်ရတာ ဝါသနာပါသူလေးဖြစ်ပြီး ခရီးသွား အမှတ်တရ အမိုက်စားပုံတွေကိုလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ပရိသတ်တွေကလည်း သူ့ကို ချစ်ကြလို့ လှုပ်ရှားမှုတိုင်းကို မပြတ်စောင့်ကြည့် အားပေးနေကြတာလည်းဖြစ်ပါတယ် ။

ညိမ်းသော်က အလုပ်တွေ ကြိုးစားသလို အလှူအတန်းတွေဆိုရင်လည်း မကြာခဏ လုပ်တတ်ပါသေးတယ် ။ အခုလည်း ချစ်ရတဲ့ မိသားစုနဲ့ အတူ ” ငြိမ်းချမ်းရေးကျောင်းတိုက် (ကျောက်သင်္ဘောကျောင်း) ရွှေရောင်ဆည်းဆာ”ဘိုးဘွားရိပ်သာ နှင့် ပရဟိတသီလရှင်ကျောင်းတို့မှာ ဆရာတော်လေးများကို ဆွမ်းများ ဆက်ကပ်ကာ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် ညိမ်းသော်ရဲ့ အလှူပုံတွေကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Channel

Photo – Nyein Thaw

-zawgyi Font ဖြင့်ဖတ်ရန် – 

ချစ်ရတဲ့ မိသားစုနဲ့အတူ မွန်မြတ်သော အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ညိမ်းသော်

သာဓု သာဓု သာဓု ?




Yuan – Cele Channel

Photo – Nyein Thaw

x