သက်မွန်မြင့် ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲအားပေးနေတဲ့ မင်းသမီးတစ်ယောက်ပါ ။ သက်မွန်မြင့် ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျ အကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။

လက်ရှိမှာတော့ သက်မွန်မြင့် ဟာ သာယာကြည်နူး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်း နဲ့ ဘဝကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း ခုချိန်ထိကိုချစ်ခင်အားပေးနေဆဲပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမြဲဆိုသလိုဖော်ပြပေးလေ့ရှိတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ကိုဗစ်ကာလမှာ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ အရင်ထက်တောင် ပိုချစ်စရာကောင်းလာတဲ့ ပုံလေးတွေနဲ့အတူ ” Mood လေးတော့ ရှိနေလိုက်တယ် ပြည့်ဖောင်းလေးကို ချစ်တဲ့သူ အားကျတဲ့သူ ရှိနေကြသေးတယ် ” ဆိုတဲ့စာလေးနဲ့ အတူ ဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်  ။

Source:Thet Mon Myint