အများနဲ့မတူ တစ်မူထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ အသံပိုင်ရှင်လေး မေကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှု အခိုင်အမာ ရရှိခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ကော အဆိုပိုင်းမှာပါ ထူးချွန်တဲ့ မေက ဖြူဖွေးပြီး ချစ်စရာကောင်းတာကြောင့် ကြော်ငြာနဲ့ မဂ္ဂဇင်းမျက်နှာဖုံးတွေလည်း အတော်လေး ရိုက်ကူးခဲ့ရပါတယ်။

မေကတော့ ဒီနေ့မှာ သူငယ်ချင်းရေမွန်တဲ့ ပတ်သက်ပြီး အမှတ်တရလေး အချို့ကို ရေးသားဖော်ပြလာပါတယ် ။ အရင်ကဆို အလုပ်တွေ အတူတူ လုပ်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြတဲ့ အချိန်တွေကို သတိရနေတယ်လို့လည်း ဆိုပါတယ် ။ ဒါ့အပြင် ရေမွန်ရဲ့ အနုပညာ အရည်အချင်းတွေကို ချီးကျူးထားပါသေးတယ် ။

” ကျန်ခဲ့ရတဲ့သူတွေက လွမ်းတသသနဲ့ပါ.. ကျန်းမာရေးဆို မကောင်းတတ်ကြဘူးကိုယ်တွေက.. သို့ပေမယ့်လည်း ဆိုးကြတယ် ပေပေတေတေနေတတ်ကြတယ်.. ပျော်ခဲ့ကြတာတွေ ပြန်တွေးရင်လည်း ဘဝကတန်ပါတယ်.. သတိရတယ် အဖိုးကြီးရေ…” ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Zawgyi

သူငယ်ချင်း ရေမွန်ကို ဒီကနေ့အထိ လွမ်းဆွတ် သတိရနေကြောင်း အမှတ်တရ စကားလေးတွေ ဆိုလာတဲ့ မေ




Yuan – Cele Zone