မိုးစက်ဝိုင် ကတော့ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် အနုပညာလောကကို ဝင်ရောက်လာပြီး အောင်မြင်မှုတွေ ရရှိထားသူဖြစ်ရာ သူမဟာ ယနေ့တိုင် ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ဆဲဖြစ်ပါတယ်။မိုးစက်ဝိုင်ကတော့ အေးဆေးတည်ငြိမ်တဲ့ နေထိုင်ပုံလေးတွေနဲ့ ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဂျပန်မလေးလားထင်မှားရလောက်အောင် ချစ်စရာကောင်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေ အသဲစွဲနေရသူလေးလည်းဖြစ်ရာ ဖက်ရှင်လန်းလန်းတွေ ဝတ်ဆင်ကာ အမြဲကျော့ရှင်းလှပတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်းအချင်းတွေနဲ့ ပြည့်စုံလှပနေသူလေးဖြစ်တာကြောင့် မိန်းကလေးပရိသတ်အများစု အားကျချစ်ခင်နေရသူလည်းဖြစ်ပါတယ်။

အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း အမြဲလုပ်ကိုင်လေ့ရှိရာ အခုလည်း သူမရဲ့အဝတ်အစားများစွာကို ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းများအတွက် လှူဒါန်းဖြစ်ခဲ့ကြောင်းကို “မိုးစက် လွန်ခဲ့တဲ့ရက်က လှူဖြစ်တဲ့ အလှူတစ်ခုပါ။ မသုံးဖြစ်တော့တဲ့ အဝတ်အစားကောင်းတစ်ချို့နဲ့ အသုံးအဆောင်တစ်ချို့ကို ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများအတွက် အကြင်နာစမ်းရေ ပရဟိတအသင်းကတစ်ဆင့် လှူဒါန်းဖြစ်ခဲ့ပါတယ်။

အကယ်လို့ ကိုယ့်မှာ မသုံးဖြစ်တော့တဲ့ အသုံးအဆောင်၊ အဝတ်အထည်တွေရှိရင်လည်း လိုအပ်နေသူတွေအတွက် လှူဒါန်းလို့ရပါတယ်။ 

အခု မိုးစက်လှူဒါန်းဖြစ်ခဲ့တဲ့ အကြင်နာစမ်းရေပရဟိတအသင်းဆိုရင်လည်း လှူဒါန်းလိုတဲ့ ပစ္စည်းများကို အိမ်ထိလာရောက်ယူဆောင်ပေးပြီး လိုအပ်တဲ့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေကို ပေးပို့လှူဒါန်းပေးသွားမှာပါ။

ဒါကြောင့် ကိုယ့်မှာ ပိုနေရင် လိုအပ်နေသူတွေ ရှိနေပါတယ်ဆိုတဲ့ သတိတရစိတ်လေးနဲ့ လှူဒါန်းလိုသူများအတွက် ဆက်သွယ်လှူလို့ရတဲ့ ပရဟိတ အသင်းရဲ့ ပေ့ပါ ဖော်ပြပေးထားပါတယ် ။ ဒါက အိမ်နေရင်းရတဲ့ ကုသိုလ်လေးတစ်ခုပါ “ဆိုတဲ့စာလေးနဲ့အတူ အလှူပုံရိပ်လေးတွေကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Myat – Cele Channel

Photo – Moeset Wine

x