ပရိသတ်ကြီးရေ….ကြည်နူးအားကျစရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ထောင်ထားတဲ့အနုပညာရှင်ဆယ်လီတွေထဲမှာဆိုရင် သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးလည်း အပါအဝင်ဖြစ်ပါတယ်နော်။အနုပညာလောကထဲဝင်ရောက်လာချိန်ထဲက သူမရဲ့ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ကလေးဆန်တဲ့အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့သူလေးဖြစ်ပါတယ်။
ဒါ့အပြင် သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ သာယာစိုပြေတဲ့ သဉ္ဇာနွယ်ဝင်းရဲ့မိသားစုလေးကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် သဉ္ဇာနွယ်ဝင်းရဲ့သား Peach လေးက ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုမိုရရှိနေသူလေး ဖြစ်ပါတယ်။
သဉ္ဇာကတော့ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် မကြာခဏဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ခေါင်းလျှော်ထားတဲ့သူမကို ရေတွေသုတ်ပေးပြီး ဆံပင်လေးသေချာလာဖြီးပေးနေတဲ့ သားလေးကိုသဘောတွေကျကာ ဗီဒီယိုလေးရိုက်ကာဖော်ပြခဲ့ပါတယ် ။သဉ္ဇာကတော့ အားကိုးနေရပြီဖြစ်တဲ့ သားလေးကိုကြည့်ပြီး အချစ်တွေပိုနေတာပါနော် ။ ပရိသတ်ကြီးအတွက် peach လေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ် ။
myat – Cele Channel
photo – Peach