ကူးစက်မှုတွေတစ်ကျော့ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ် Third waveရဲ့အရှိန်ကြောင့် မြန်မာပြည်သူအတော်များများလည်းကူးစက်ခံနေရပြီး အနုပညာရှင်အချို့လည်းကူးစက်ခံနေရကာ အသက်ဆုံးရှုံးမှုတွေအထိဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့်သေဆုံးရတဲ့ ပြည်သူချစ်အနုပညာရှင်ကြီးတွေလည်း တစ်နေ့တခြားများပြားလာနေပြီး အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် အများစုမှာသေဆုံးနေကြရတာတွေ့ရပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းကလည်း မန္တလေးကနိုင်ငံကျော်ဆိုင်းပညာရှင်ကြီး ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တားဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာကြောင့် ဆေးကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။ ICUခန်းထဲ‌ရောက်ကာဆေးကုသမှုခံယူခဲ့ပေမယ့် ပြင်းထန်တဲ့ရောဂါအရှိန်ကြောင့် ဒီကနေ့ဇူလိုင်လ ၂၄ရက်နေ့မနက်ပိုင်းမှာ ဆုံးပါးသွားခဲ့တယ်လို့သိရပါတယ်….။

စိန်မွတ္တားဟာ ပန်းဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုးဆယ်ဆသာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားကြီးတို့မှာ အကောင်းဆုံးတေးဂီတဆုအနေနဲ့ အကယ်ဒမီဆုကြီးကိုရရှိခဲ့တဲ့ ပညာရှင်ကြီးတစ်ယောက်ပါ။ အခုလိုအဖိုးတန်လှတဲ့ အနုပညာရှင်ကြီးတစ်ယောက်ဆုံးရှုံးရခြင်းဟာ အင်မတန်နှမြောစရာကောင်းလှပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

CRD – Myanmarload