ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၃)ရက်နေ့လေးကတော့ ဆောင်းယွန်းစံမွေးနေ့ကျရောက်တဲ့ နေ့ရရက်မြတ်လေးပဲဖြစ်ခဲ့ပါတယ်။
ဆောင်းယွန်းစံကတော့ အလှူအတန်းရက်ရောတဲ့သူတစ်ယောက်ပီပီ သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာလည်း အလှူအတန်းတွေပြုလုပ်ပြီး ဖြတ်သန်းခဲ့ပါတယ်။ ဆောင်းယွန်းစံက အလှူအတန်းလည်းရက်ရောသလို လူကြီးမိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာလွန်းလှတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့ရက်မြတ်မှာတောင် မိခင်ဖြစ်သူကို ပိုက်ဆံပန်းစည်းကြီးနဲ့ Surprise တိုက်ခဲ့ပါသေးတယ်။
ဆောင်းယွန်းကတော့ မွေးနေ့မှာ မိခင်ကြီးကို လက်ဆောင်ပြန်ပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ဆောင်းယွန်းရဲ့ မိခင်ကြီးအပေါ်သိတတ်လိမ္မာမှုကတော့ တကယ်ကို ချီးကျူးစရာပါပဲနော်။
Source – Saung Yoon San,Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-
မွေးနေ့မှာ မိခင်ကြီးကို ပိုက်ဆံပန်းစည်းကြီးနဲ့ Surprise တိုက်ခဲ့တဲ့ ဆောင်းယွန်းစံ