အောင်လေးကတော့ မိန်းကလေး ပရိသတ်တော်တော်များများက ကြွေနေရတဲ့ မင်းသားချောလေး ဖြစ်ပါတယ်။ အောင်လေးက ဖက်ရှင်အလန်းလေးတွေနဲ့ အမြဲ သန့်ပြန့်ခန့်ညားနေပြီး ကိုရီးယားမင်သားလေးလို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတာကြောင့် ကောင်မလေးတွေကြွေနေရတာလည်းဖြစ်ပါတယ်။
အောင်လေးက ဇာတ်ကားတွေ ကြော်ငြာတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို အချိန်အတော်ကြာ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အမြဲလိုလိုဖော်ရွေပြီး ပျော်ပျော်နေတတ်တဲ့ စိတ်ထားလေးကလည်း ပရိသတ်တွေ အဓိကကြွေနေရတာပါ။
လတ်တလောမှာတော့ ယနေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်တွေနဲ့ အတူ “ယနေ့ မွေးနေ့ ကုသိုလ် အားလုံးပဲထပ်တူထပ်မျှရကြပါစေခင်ဗျာ🙏🏻🙏🏻🙏🏻” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြလာရာ သာဓု သုံးကြိမ်ခေါ်ဆိုရင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။
Yuan – Cele Zone,Photo – Aung Lay
-Zawgyi Font ဖြင့်ဖတ်ရန် –
ယနေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်တွေကို ပီတ်ဖြစ်စွာ ဝေမျှလာတဲ့ အောင်လေး