ပရိသတ်ကြီးရေ စုစုဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စုစုဝေက ခင်ပွန်းဖြစ်သူ Mikisနဲ့အတူ နိုင်ငံရပ်ခြားမှာနေထိုင်နေခဲ့ပြီး ချစ်စရာကောင်းလှတဲ့ သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားခဲ့ပါတယ်။\

Mikisနဲ့ စုစုဝေတို့ရဲ့ သားလေးဖြစ်တဲ့ Rio လေးကလည်း (၈)လကျော်အရွယ်ကိုရောက်ရှိနေခဲ့ပြီဖြစ်ပြီး မနေ့ကတော့ စုစုဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သားလေးနဲ့ သူ့ရဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ Rio လေးကလည်း တော်တော်လေးကို ထွားလာခဲ့ပြီး ပိုလို့တောင်ချစ်ဖို့ကောင်းနေခဲ့ပါသေးတယ်။

ပုံလေးတွေထဲမှာဆိုရင်လည်း Rio လေးက ပျော်ရွှင်စွာနဲ့ ရယ်မောနေခဲ့ပြီး ပရိသတ်တွေကပါ Rio လေးရဲ့ ချစ်ဖို့ကောင်းလွန်းနေပုံကို သဘောကျစွာနဲ့ မှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးရေ ချစ်ဖို့ကောင်းလှတဲ့ Rio လေးရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Su Su Weber,Chilli – CeleZone

-Zawgyi Font ဖြင့် ဖတ်ရန်-

ပြုံးပျော်ရွှင်နေတဲ့သားလေးရဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့တဲ့ စုစုဝေ





x