ပရိသတ်ကြီးရေ စည်သူဝင်းကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ စည်သူဝင်းကတော့ မနေ့က ဇန်နဝါရီလ (၂၄)ရက်နေ့မှာ မွန်မြတ်လှတဲ့ အလှူလေးတွေပြုလုပ်ခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

အလှူလေးကတော့ မော်တော်ယဉ်နဲ့ သိမ်ကျောင်းဆောက်လုပ်ဖို့အတွက် မတည်ငွေလှူဒါန်းတဲ့ အလှူလေးပဲဖြစ်ပါတယ်။ စည်သူဝင်းကတော့ ဒီအလှူလေးကို ကွယ်လွန်သွားတဲ့ မိခင်ကြီးအတွက်ရည်စူးပြီး ပြုလုပ်ခဲ့တာဖြစ်ကြောင်းလည်း “ကွယ်လွန်သူမိခင်ကြီးဒေါ်တင်ရီကိုရည်စူး၍ အရှင်ဦးပဏ္ဍိတအား လိုအပ်သည့်မော်တော်ကားနှင့်

သိမ်ကျောင်းဆောက်လုပ်ရန်အတွက် မတည်ငွေအားကျွန်တော်တို့မိသားစုမှလှူတမ်းခဲ့ပါတယ်ခင်ဗျ” ဆိုပြီး ကောင်းမှုတွေပြုလုပ်ခဲ့ကြောင်း မှတ်တမ်းပုံရိပ်တွေနဲ့အတူ မျှဝေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ စည်သူဝင်းတို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ ကောင်းမှုလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Si Thu Win,Chilli – CeleZone

-Zawgyi Font ဖြင့် ဖတ်ရန်-

မိခင်ကြီးအတွက်ရည်စူးပြီး မွန်မြတ်လှတဲ့ အလှူဒါနတွေပြုလုပ်ခဲ့တဲ့ စည်သူဝင်း





x