ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဇာတ်ပို့ဇာတ်ရံမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၂၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ နှိုင်းယှဉ်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

နှိုင်းယှဉ်ကတော့ ဒီနေ့ မွေးနေ့ရက်မြတ်လေးမှာ အသက် (၃၉)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ နှိုင်းယှဉ်ရဲ့ မွေးနေ့လေးအတွက်ကို အနုပညာရှင်မောင်နှမတွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေအသီးသီးဆုတောင်းပေးနေခဲ့ကြပါသေးတယ်။ နှိုင်းယှဉ်အတွက်မွေးနေ့ဆုတောင်းပေးကြတဲ့ထဲမှာ အဆိုတော်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဝိုင်းစုကလည်း မွေးနေ့ဆုတောင်းပေးထားခဲ့ပါသေးတယ်။

ဝိုင်းစုကတော့ “Happy Birthdayနော်ဆန္ဒ‌တွေထပ်တူကျပါစေ။” ဆိုပြီးဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွေလည်း နှိုင်းယှဉ်ရဲ့ မွေးနေ့အတွက်ကို မွေးနေ့ဆုမွန်ကောင်းတွေ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Wine Su,Chilli – CeleZone

-Zawgyi Font ဖြင့် ဖတ်ရန်-

နှိုင်းယှဉ်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ဝိုင်းစု





x