ပရိသတ်ကြီးရေ ဝနကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အဆိုတော်ဝနရဲ့ ဇနီးဖြစ်သူက သားလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ သတင်းလေးကို ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။

ဝနကတော့ သူ့ရဲ့ပထမဆုံးဖြစ်တဲ့ ရင်သွေးလေးကိုတော်တော်လေးကို ချစ်နေခဲ့ပြီး သားလေးကလည်း ဖေဖေမေမေတို့သာမက ပရိသတ်တွေကပါ ချစ်နေရတဲ့အထိချစ်မွှေးပါလွန်းလှပါသေးတယ်။ ဝနကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သားလေးနဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။

ဗီဒီယိုလေးထဲမှာတော့ ဝနက သားလေးကို အနှီးထုပ်လေးသေသေချာချာကျကျနနထုပ်ပေးနေခဲ့ပြီး သာလေးကို တစိမ့်စိမ့်ကြည့်ကာ အချစ်ပိုနေခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဝနတို့သားအဖရဲ့ ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – WA NA,Chilli – CeleZone

-Zawgyi Font ဖြင့် ဖတ်ရန်-

သားလေးကို အနှီးထုပ်လေးသေချာထုပ်ပေးနေတဲ့ အဆိုတော်ဝနရဲ့ ဗီဒီယိုဖိုင်လေး





x