ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၂၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ နှိုင်းယှဉ်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

နှိုင်းယှဉ်ကတော့ ဒီနေ့မွေးနေ့ရက်မြတ်လေးမှာ အသက် (၃၉)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ နှိုင်းယှဉ်ကတော့ ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့အသက် (၃၉)နှစ်ပြည့်မွေးနေ့လေးအတွက် မနေ့က သရုပ်ဆောင်အေးသီတာကနေတစ်ဆင့် လမ်းမှာရှိတဲ့ကလေးငယ်တွေအတွက် အယောက်(၁၀၀)စာ ထမင်းဘူး (၁၀၀)ကို လှူဒါန်းပေးခဲ့ပါတယ်။

နောက်ထပ်လည်း ရှင်ငြိမ်းမယ်ရဲ့သားသမီးများအတွက်ဆန်တအိတ်စာလှူဒါန်းပေးခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ မွန်မြတ်လှတဲ့ မွေးနေ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Aye ThidaChilli – CeleZone

-Zawgyi Font ဖြင့် ဖတ်ရန်-

မွေးနေ့အလှူအဖြစ် မွန်မြတ်လှတဲ့ အဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်


 




x