ပရိသတ်ကြီးရေ ရွှေမှုံရတီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အဆိုတော်ရွှေထူးနဲ့အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သီချင်းတွေကိုပါ သီဆိုကာ အဆိုတော်တစ်ယောက်အဖြစ်နဲ့ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပါသေးတယ်။

မနေ့က နိုဝင်ဘာလ (၂၈)ရက်နေ့မှာတော့ ရွှေမှုံရတီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ခင်ပွန်းဖြစ်သူရွှေထူးရယ် သူ့ရဲ့မိသားစုတွေနဲ့ မိသားစုဆုံလင်စွာ အလှူလေးပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ “အလှူနေ့ကပုံလေး” ဆိုပြီး အလှူမှတ်တမ်းပုံတွေဖြစ်ကြောင်းလည်းရေးသားပြီး မျှဝေထားခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။

ပရိသတ်တွေကတော့ ရွှေမှုံတို့ မိသားစုစုံလင်စွာနဲ့ အလှူပြုလုပ်ခဲ့တဲ့ ပုံလေးတွေကိုကြည့်ပြီး ကြည်နူးပီတိဖြစ်မိကြကြောင်း မှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။  ပရိသတ်ကြီးတွေထဲက ရွှေမှုံတို့ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ပုံလေးတွေကို မျှဝေဖော်ပြလိုက်ပါတယ်။

CRD – CeleZone

Zawgyi

မိသားစုအလှူပွဲနေ့ကအမှတ်တရပုံလေေးတွကို မျှဝေဖော်ပြလာခဲ့တဲ့ ရွှေမှုံရတီ




CRD – CeleZone

x