ပိုပိုကတော့ သီချင်းအေးအေးလေးတွေရယ် ချိုသာတဲ့ အသံလေးတွေရယ်နဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တေးသီချင်းအမျိုးအစား အစုံအလင်ကို သီဆိုနိုင်စွမ်းရှိတဲ့ ပိုပိုက သီချင်းကောင်းလေးတွေ အများအပြားထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။

ပိုပိုရဲ့သီချင်းတော်တော်များများကလည်းလူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိနေတာပါ ။ တစ်မူထူးခြားတဲ့ သီဆိုဟန်လေးနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ ပိုပိုက အဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပနေတာပါ ။

လတ်တလောမှာလည်း သီချင်းအသစ်လေး တစ်ပုဒ်ကို ပရိသတ်တွေအတွက် အလွမ်းပြေ ဖန်တီးနေတာကိုလည်းတွေ့ရပါတယ် ။ အခုလည်း အသစ်ထွက်ရှိတော့မယ် အိမ်လွမ်းနာ သီချင်းလေးနဲ့ ပတ်သက်ပြီး အမှတ်တရ ပုံလေးတွေနဲ့အတူ ” တစ်စက္ကန့်လေးတောင်မှ ကိုယ်မနေချင်တော့ပါ 🥺 သူစိမ်းများရဲ့ ကမ္ဘာမှာ 😢” ဆိုတဲ့စာလေးကို ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Zawgyi

အသစ်ထွက်ရှိတော့မယ် အိမ်လွမ်းနာ သီချင်းလေးနဲ့ ပတ်သက်ပြီး အမှတ်တရ ပုံလေးတွေ ဝေမျှလာတဲ့ ပိုပို




Yuan – Cele Zone

x