မင်းသမီးချောလေး မိုးဟေကိုကတော့ ဗီဒီယိုတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ မိုးဟေကိုက ကိုယ်ပိုင်ရုပ်ရှင်ရေးတစ်ခုတည်ထောင်ထားပြီး ဇာတ်ကားတွေရိုက်ကူးခဲ့တာ လည်း ဖြစ်ပါတယ် ။

မကြာခင်ရက်ပိုင်းကမှ မိုးက ဆေးကုသမှု ခံယူနေတဲ့ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ် ။ ဒီသတင်းကို ကြားကြားချင်း အားလုံးကလည်း ထပ်တူစိတ်မကောင်း ဖြစ်ခဲ့ကြပါတယ် ။ အခုမှာတော့ မိုးက ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့တဲ့ ပုံရိပ်တွေနဲ့အတူ သူမရဲ့ ခံစားချက်တွေကို ဝေမျှလာပါတယ် ။

ဒါကတော့ ” ချစ်သော ပရိသတ်ကြီးရှင့်…ဒီနေ့တော့ မိုးရဲ့ ဘဝမှာ အရေးကြီးဆုံးလူသားတစ်ယောက်ဖြစ်တဲ့ ဖေဖေ့ကို နောက်ဆုံးနှုတ်ဆက်ပို့ဆောင်ဖြစ်ခဲ့ပါတယ်။ မိုးအနေနဲ့ ဖေဖေ့ကို တတ်နိုင်သမျှ ပြုစုစောင့်ရှောက်ပေးခွင့်ရခဲ့လို့ အခုလို ကြိုးစားပြီး စိတ်ဖြေသိမ့်လို့ရတယ်လို့ ထင်ပါတယ်ရှင်။ ဒီနေ့တော့ မိုး ဖေဖေ့အရိုးပြာကို ရန်ကုန်မြစ်ထဲ မျှောပြီး နောက်ဆုံးနှုတ်ဆက်တဲ့အထိမ်းအမှတ်အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မိုးကို ဖေဖေ့နောက်ဆုံးအချိန်တစ်လျှောက်လုံး အားပေးကူညီပေးခဲ့တဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီကနေပဲ ပြောချင်ပါတယ်ရှင်။ တစ်ယောက်ချင်းစီကို မိုး စာမပြန်ခဲ့မိရင်လည်း နားလည်ပေးပါလို့ ပြောကြားပါရစေနော်။ ” ဆိုပြီးရေးသားထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

CRD – Cele Zone

Zawgyi

ဖခင္ျဖစ္သူရဲ႕ ေနာက္ဆုံးခရီးကို ပို႔ေဆာင္ေပးခဲ့တဲ့ ပုံရိပ္ေတြနဲ႔အတူ သူမရဲ႕ ခံစားခ်က္ေတြကို ေဝမွ်လာတဲ့ မိုးေဟကို

မင္းသမီးေခ်ာေလး မိုးေဟကိုကေတာ့ ဗီဒီယိုေတြ၊႐ုပ္ရွင္ဇာတ္ကားႀကီးေတြ အမ်ားအျပား႐ိုက္ကူးခဲ့ၿပီး အႏုပညာအလုပ္ေတြကို ႏွစ္ေပါင္းမ်ားစြာလုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္ ။ မိုးေဟကိုက ကိုယ္ပိုင္႐ုပ္ရွင္ေရးတစ္ခုတည္ေထာင္ထားၿပီး ဇာတ္ကားေတြ႐ိုက္ကူးခဲ့တာ လည္း ျဖစ္ပါတယ္ ။

မၾကာခင္ရက္ပိုင္းကမွ မိုးက ေဆးကုသမႈ ခံယူေနတဲ့ ဖခင္ျဖစ္သူကို ဆုံးရႈံးခဲ့ရတာလည္း ျဖစ္ပါတယ္ ။ ဒီသတင္းကို ၾကားၾကားခ်င္း အားလုံးကလည္း ထပ္တူစိတ္မေကာင္း ျဖစ္ခဲ့ၾကပါတယ္ ။ အခုမွာေတာ့ မိုးက ဖခင္ျဖစ္သူရဲ႕ ေနာက္ဆုံးခရီးကို ပို႔ေဆာင္ေပးခဲ့တဲ့ ပုံရိပ္ေတြနဲ႔အတူ သူမရဲ႕ ခံစားခ်က္ေတြကို ေဝမွ်လာပါတယ္ ။

ဒါကေတာ့ ” ခ်စ္ေသာ ပရိသတ္ႀကီးရွင့္…ဒီေန႔ေတာ့ မိုးရဲ႕ ဘဝမွာ အေရးႀကီးဆုံးလူသားတစ္ေယာက္ျဖစ္တဲ့ ေဖေဖ့ကို ေနာက္ဆုံးႏႈတ္ဆက္ပို႔ေဆာင္ျဖစ္ခဲ့ပါတယ္။ မိုးအေနနဲ႔ ေဖေဖ့ကို တတ္ႏိုင္သမွ် ျပဳစုေစာင့္ေရွာက္ေပးခြင့္ရခဲ့လို႔ အခုလို ႀကိဳးစားၿပီး စိတ္ေျဖသိမ့္လို႔ရတယ္လို႔ ထင္ပါတယ္ရွင္။ ဒီေန႔ေတာ့ မိုး ေဖေဖ့အ႐ိုးျပာကို ရန္ကုန္ျမစ္ထဲ ေမွ်ာၿပီး ေနာက္ဆုံးႏႈတ္ဆက္တဲ့အထိမ္းအမွတ္အေနနဲ႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။ မိုးကို ေဖေဖ့ေနာက္ဆုံးအခ်ိန္တစ္ေလွ်ာက္လုံး အားေပးကူညီေပးခဲ့တဲ့ မိတ္ေဆြေတြကိုလည္း ေက်းဇူးတင္ရွိေၾကာင္း ဒီကေနပဲ ေျပာခ်င္ပါတယ္ရွင္။ တစ္ေယာက္ခ်င္းစီကို မိုး စာမျပန္ခဲ့မိရင္လည္း နားလည္ေပးပါလို႔ ေျပာၾကားပါရေစေနာ္။ ” ဆိုၿပီးေရးသားထားရာ ျပန္လည္ ေဝမွ်ေပးလိုက္ပါတယ္ ။

CRD – Cele Zone

x