မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူလေးဖြစ်သလို ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့သူလေးပဲ ဖြစ်ပါတယ်။ ချိုသာယဉ်ကျေးတဲ့အသံလေးနဲ့ ဖမ်းစားနိုင်တဲ့ မေမြင့်မိုရ်က အမာခံပရိသတ်တွေ အမြောက်အများကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။

သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်သူလေးပဲ ဖြစ်ပြီး သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကလည်း မြင်ရသူရင်ကို အေးချမ်းစေခဲ့ပါတယ် ။ အခုနောက်ပိုင်းမှာတော့ မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေပါ အများဆုံးရိုက်ကူးခဲ့ရတာကိုလည်း တွေ့ရပါတယ်။

သူရဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲ ဖော်ပြပေးလေ့ရှိရာ အခုမှာတော့ မြင်နေကျပုံစံတွေနဲ့ ကွဲထွက်တဲ့ ဖက်ရှင်လေးနဲ့ သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ် အလှတရားတွေ ပေါ်လွင်ကာ မိမိုက်လွန်းနေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ လန်းလွန်းနေတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မေရဲ့ ပုံတွေကို ဝေမျှပေးလိုက်ပါတယ် ။

Myat – Celechannel

Photo – May Myint Mo

-Zawgyi Font ဖြင့်ဖတ်ရန် – 

ဖက်ရှင်အလန်းစားလေးနဲ့ ပို့စ်လေးတွေ ပေးကာ ချစ်စရာကောင်းလွန်းနေတဲ့ မေမြင့်မိုရ်

🥰🥰




Myat – Celechannel

Photo – May Myint Mo

x