တိုင်ရွန်ကတော့ ရုပ်ရည်ချောမော ပြေပြစ်ပြီး တောင့်တောင့်ဖြောင့်ဖြောင့် ဘော်ဒီ အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် ပျိုပျိုမေလေးတွေက အသည်းစွဲနေရတာ ဖြစ်ပါတယ် ။ ယောက်ျားပီသပြီး အမိုက်စား တတ်တူးတွေကို ခန္ဓာကိုယ်ထက်မှာ ဆေးခြယ်ထားတဲ့ တိုင်ရွန်က မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ် ။ 

ခန့်ညားချောမောတဲ့ စတိုင်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကို တဖြုတ်ဖြုတ်ကြွေအောင် ဖမ်းစားလွန်းနိုင်တဲ့ တိုင်ရွန်က အမာခံပရိသတ် အမြောက်အများကို ပိုင်ဆိုင်ရရှိထားပါတယ် ။ တိုင်ရွန်ရဲ့ချစ်ပရိသတ်တွေကတော့ သူရဲ့လှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့်အားပေးနေတာ ဖြစ်ပါတယ် ။ 

ယနေ့မှာတော့ သူရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ မေတ္ထာမွန် ပရဟိတကျောင်းမှာ ပြုလုပ်ခဲ့တဲ့ အလှူဗီဒီယိုလေးနဲ့အတူ ” ဒီနှစ်မွေးနေ့လေးကို မေတ္ထာမွန်ပရဟိတ ကျောင်းမှာကလေးတွေနဲ့  ပျော်စရာအချိန်လေးတစ်ခု …….” ဆိုတဲ့ စာလေးကို ရေးသားကာ ဖော်ပြထားပြီး ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Myat – Celechannel

Photo – Tyron Bejay

-Zawgyi Font ဖြင့်ဖတ်ရန် – 

မွေးနေ့ အမှတ်တရ အနေနဲ့ မေတ္ထာမွန် ပရဟိတကျောင်းမှာ ပြုလုပ်ခဲ့တဲ့ အလှူဗီဒီယိုလေးကို ဝေမျှလာတဲ့ တိုင်ရွန်

Happy Birthday ပါ




Myat – Celechannel

Photo – Tyron Bejay

x