ခင်လွှမ်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တာဖြစ်ပြီး အောင်မြင်မှုတွေလည်း တစ်ခဲနက်ရရှိထားတဲ့ သူတစ်ယောက်ပါ။ ဒါ့အပြင် သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာကြောင့် အားလုံးက ချစ်ခင် အားကျနေရတာလည်းဖြစ်ပါတယ် ။

စည်ဖြိုးကလည်း ဇနီးသည်အပေါ် သဘောထားကြီးပြီး နားလည်ဂရုစိုက်သူဖြစ်လို့ ခင်လွှမ်းရဲ့ ဘဝလေးက ပြီးပြည့်စုံပြီး အေးချမ်းပါတယ်နော်။ ဒါ့အပြင် ယောက္ခမဖြစ်သူကလည်း သမီးအရင်းလေးလို ဂရုစိုက်ပြီး သည်းသည်းလှုပ်အချစ်ပိုတာဖြစ်လို့ ခင်လွှမ်းကို မိန်းကလေးတိုင်း အားကျနေရတာပါ ။

အခုလည်း ယောက္ခမဖြစ်သူပေးတဲ့ လက်ဆောင်လေးတစ်ခုကြောင့် အတိုင်းမသိ ပီတိဖြစ်နေကြောင်းကို ပုံလေးတွေနဲ့ တကွ ” သမီးလေးကို သုံးစေချင်လွန်းလို့ နောက်ဆုံးပေါ်ကိုဝယ်ပေးတာတဲ့ ? . ကျေးဇူးအများကြီးတင်ပါတယ်မေကြီးရေ ?.ကောင်းကောင်းတန်ဖိုးထာပြီး သုံးပါ့မယ်ရှင့် ??? ကိုယ့်ကို သမီးအရင်းနှင့်မခြား နွေးထွေးကြင်နာစွာနဲ့ မေတ္တာအပြည့်ထားဆက်ဆံစောင့်ရှောက်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် ? အရမ်းချစ်တယ် ???” ခုလိုရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Myat – Celechannel

Photo – Khin Hlwan

-Zawgyi Font ဖြင့်ဖတ်ရန် – 

ယောက္ခမဖြစ်သူပေးတဲ့ တန်ဖိုးကြီး လက်ဆောင်လေးတစ်ခုကြောင့် အတိုင်းမသိ ပီတိဖြစ်နေတဲ့ ခင်လွှမ်း

??




Myat – Celechannel

Photo – Khin Hlwan