ပရိသတ်ကြီးရေ သဲကိုးလေးလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ သွင်ဦးဟန်လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်မြန်မာလက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် မင်းသမီးချောလေး ပိုးအိအိခန့်တို့ရဲ့ သားချောလေးပဲဖြစ်ပါတယ်။

ချစ်စရာကောင်းလှတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ကလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။သဲကိုးလေးကတော့ ဒီနေ့မှာ ပထမဆုံးကျောင်းတက်ခဲ့ပြီး သားလေးရဲ့ပထမဆုံးကျောင်းတက်ရက်ပုံလေးတွေကို “Today is the first day of school. Outdoor activities တွေပြီးတော့ ငိုပါတယ်ရှင် ” ဆိုပြီး မေမေပိုးအိအိခန့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

ပရိသတ်တွေကတော့ မေမေပိုးအိအိခန့်မျှဝေခဲ့တဲ့ ပုံလေးတွေကိုကြည့်ပြီး သဲကိုးလေးကို အချစ်ပိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးတွေထဲက သဲကိုးလေးကိုချစ်ကြတဲ့ပရိသတ်တွေအတွက် ပုလေးတွေကိုပြန်လည်မဝေဖော်ပြပေးလိုက်ပါတယ်နော်။

CRD – CeleZone

Zawgyi

သားလေးရဲ့ ပထမဆုံးကျောင်းတတ်ရက်ပုံလေးတွေကို မျှဝေခဲ့တဲ့ ပိုးအိအိခန့်




CRD – CeleZone