ပရိသတ်ကြီးရေ စူးရှထက်ကတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ စူးရှထက်ကတော့ လူငယ်တစ်ယောက်ပီပီ ခေတ်ဆန်ဆန်နေထိုင်တတ်ပေမဲ့ ဘုရားတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေကို ရက်ရောစွာလည်းပြုလုပ်တတ်တဲ့သူတစ်ယောက်ပါ။

မကြာခဏဆိုသလို စတာဒီသာအလှူတွေ လိုအပ်နေတဲ့သူတွေကို ကူညီထောက်ပံ့တာတွေပြုလုပ်လေ့ရှိပါသေးတယ်။ အလှူအတန်းဆို လက်မနှေးတတ်တဲ့ စူးရှထက်ကတော့ ဒီနေ့ သြဂုတ်လ (၅)ရက်နေ့မှာလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွန်မြတ်လှတဲ့ ဆွမ်းကပ်အလှူဒါနလေးကို ပြုလုပ်ခဲ့ကြောင်း အလှူမှတ်တမ်းပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။

ပရိသတ်တွေကတော့ စူရှထက်ရဲ့ မွန်မြတ်လှတဲ့ အလှူလေးရဲ့ မှတ်တမ်းပုံရိပ်တွေကိုကြည့်ပြီး ပီတိတွေဖြစ်ကာ သာဓုတွေခေါ်ဆိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း စူးရှထက်ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ထပ်တူကုသိုလ်ရအောင် ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုပေးခဲ့ကြပါဦနော်။

CRD – CeleZone

Zawgyi

မွန်မြတ်လှတဲ့ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ စူးရှထက်




CRD – CeleZone