ပရိသတ်ကြီးရေ ထိပ်ထားသခင်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ကလေးသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ထိပ်ထားသခင်ကတော့ ကလေးငယ်တစ်ယောက်ဖြစ်ပေမဲ့ လူကြီးတွေအပေါ်လည်းရိုသေသမှုရှိလှတာကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ ကလေးငယ်တစ်ယောက်လည်းဖြစ်ပါတယ်။

ထိပ်ထားသခင်ကတော့ အလှူအတန်းတွေကိုလည်း ရက်ရောစွာလှူဒါန်းလေ့ရှိပြီး ဒီနေ့မှာလည်း မွန်မြတ်လှတဲ့ အလှူဒါနလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ကွယ်လွန်သွာတာ (၁)နှစ်ပြည့်မြောက်သွားတဲ့ အဖွားဖြစ်သူအတွက် ရည်စူးပြီး ထိပ်ထားသခင်တို့ မိသားစုကတော့ ရွှေတောင်ဦး ဇေယျသိဒ္ဓိပရဟိတကျောင်းမှာ အလှူလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ကျောင်းမှာရှိတဲ့ သံဃာတော်တွေအတွက် ဆွမ်းကပ်အလှူလေးနဲ့အတူ ကျောင်းသားကျောင်းသူတွေအတွက် အဟာရဒါနအလှူလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ထိပ်ထားလေးတို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

CRD – CeleZone

Zawgyi

အဖွားဖြစ်သူ ကွယ်လွန်ခြင်း(၁)နှစ်ပြည့်အနေနဲ့ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ ထိပ်ထားသခင်တို့မိသားစု




CRD – CeleZone